CNI International News

မင့်ခ်၊ မတ်လ ၈

ယူကရိန်းအစိုးရသည် အမေရိကန်၏ ခိုင်းစေမှုကြောင့် ဘယ်လာရုစ်နိုင်ငံအား ယူကရိန်းနှင့်ရုရှားကြား ဖြစ်ပွား နေသည့် ပဋိပက္ခအတွင်းသို့ ဆွဲသွင်းရန် ကြိုးစားနေကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko)က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း အမေရိကန် မျှော်လင့်သလို ဖြစ်လာမည်မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယခုလို စီစဉ်နေခြင်းဖြင့် ဥရောပတစ်တိုက်လုံးနှင့် ပတ်သက်နေသော စစ်ပွဲအတွင်းသို့ ဘယ်လာရုစ်အား ဆွဲထည့် မည်ဆိုလျှင် မှားသွားလိမ့်မည်ဟု လူကာရှန်ကိုက ပြောကြောင်း BelTA သတင်းတွင် ဖော်ပြသည်။

A-50 တာဝေးရေဒါ ထောက်လှမ်းရေးနှင့် ရုရှားလေတပ်၏ လေကြောင်း ထိန်းချုပ်ရေး လေယာဉ်တို့အား ဖျက်ဆီးရန် ကြိုးပမ်းခဲ့သည့် ယူကရိန်အထူးတပ်ဖွဲ့မှ အေးဂျင်တစ်ဦးနှင့် ၎င်း၏ အပေါင်းအပါ ၂၀ ကျော်တို့ကို ဘယ်လာရုစ် တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု လူကာရှန်ကိုက အင်္ဂါနေ့ အစောပိုင်းတွင် ပြောသည်။

အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီး (GETTY IMAGES)

အဆိုပါ ဖျက်ဆီးရေ အစီအစဉ်သည် မအောင်မြင်ခဲ့ကြောင်း၊ ဆိုးဆိုးရွားရွား ပျက်စီးမှု မရှိခဲ့ကြောင်း၊ သို့သော် လေယာဉ် ကိုယ်ထည်တွင် ခြစ်ရာများနှင့် အပေါက်တစ်ပေါက် ဖြစ်ခဲ့ကြောင်း ဘယ်လာရုစ်သမ္မတက ပြောသည်။

ထိုဖြစ်ရပ်ကြောင့် ဘယ်လာရုစ် အစိုးရသည် ပျက်စီးသွားသော လေယာဉ်အား ရုရှားသို့ ပြင်ပေးရန် ပို့ခဲ့သလို ယင်းအစား နောက်ထပ် တစ်စီးကို ရယူခဲ့သည်ဟုလည်း သိရသည်။

Source: တာ့စ်