CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ယာယီခိုလှုံရာစခန်းရှိ တိုက်ပွဲရှောင်များကို အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၆ သိန်းကျော်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေး၍ ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၃ ရက်နေ့တွင် နေရပ်ပြန်ပို့ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ယာယီခိုလှုံရာစခန်းတွင် သာစည်ကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာတို့မှ အိမ် ထောင်စု ၁၄၀ စု၊ လူဦးရေ ၅၃၂ ဦးတို့ တိုက်ပွဲရှောင်နေကြသည်။

အဆိုပါ တိုက်ပွဲရှောင်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် လည်းကောင်း၊ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့်လည်းကောင်း ထောက်ပံ့ခဲ့သည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူ ၁ ဦးလျှင် ၉၀၀၀ ကျပ် နှုန်းဖြင့် လူဦးရေ ၁၅၂ ဦးအတွက် ထောက်ပံ့ခဲ့သလို ပြည်နယ်သယံဇာတရေးရာဝန်ကြီးက အိမ် ထောင်စု ၁ စုလျှင် လူသုံးကုန် ပစ္စည်း ၁၇ မျိုးပါသည့် Family Kit ၁ ပုံးနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။