CNI International News

အစ္စလာမ္မာဘတ်၊ ဒီဇင်ဘာ ၁၂

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဇ်၏ သားတစ်ဦးမှာ တနင်္ဂနွေနေ့တွင် ပါကစ္စတန်နိုင်ငံတွင်းသို့ ပြန်လည် ရောက်ရှိလာသည်ဟု အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ၎င်းအပေါ်စွဲဆိုထားသည့် အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်များကို ရင်ဆိုင်ရန် လန်ဒန်မြို့တွင် ၄ နှစ်ကြာ နေထိုင်ပြီးနောက် ယခုကဲ့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဆူလီမန် ရှဘတ်ဇ်သည် ပါကစ္စတန်မြို့တော် အစ္စလာမ္မာဘတ် (Islamabad)ကို တနင်္ဂနွေနေ့ အစောပိုင်းတွင် ရောက်ရှိလာခဲ့သည်။

ဖခင်ဖြစ်သူနှင့် ဝန်ကြီးချုပ်နေအိမ်တွင် တွေ့ဆုံခဲ့သည်။ ထို့နောက် မွေးရပ်မြေ လာဟိုးသို့ လေယာဉ်ဖြင့် သွားရောက်ခဲ့သည်ဟု ရှရစ်ဇ်၏ ပါကစ္စတန် မူဆလင်လိဂ်ပါတီ (Pakistan Muslim League)၏ ပြောခွင့်ရပုဂ္ဂိုလ် အက်တာ တာရာ (Ata Tarar) က ပြောသည်။

ဆူလီမန်၏ ရှေ့နေများက ပြီးခဲ့သည့် သီတင်းပတ်တွင် အစ္စလာမ္မာဘတ် ဗဟိုတရားရုံထံမှ ကာကွယ်ရေး အာမခံ ကို ရရှိခဲ့ပြီး ၎င်းက အင်္ဂါနေ့အထိ အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။

ပါကစ္စတန် တရားရုံးကိုတွေ့ရစဉ်(AP)

ထိုအာမခံ သက်တမ်းအတွင်း ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးများ အနေဖြင့် ဆူလီမန်ကို ဖမ်းဆီးနိုင်မည် မဟုတ် သောကြောင့် ၎င်းအနေဖြင့် ကိုယ်တိုင် သွားရောက် အဖမ်းခံခွင့် ရရှိမည်ဖြစ်သည်။

လာဟိုး(မြို့)ရှိ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး အေဂျင်စီက ရှရစ်ဇ်နှင့် ၎င်း၏သား နှစ်ဦးဖြစ်သူ ဟမ်ဇာနှင့် ဆူလီမန် တို့ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက အကျင့်ပျက်ခြစားမှု၊ ငွေကြေးခဝါချမှုတို့ဖြင့် တရားစွဲခဲ့သည်။

ဆူလီမန်သည် ၎င်းအပေါ် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က စွဲချက်တင်မှုများ ပြုလုပ်ခဲ့သည့် ၂၀၁၈ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် လန်ဒန်သို့ ထွက်ခွာသွားခဲ့သည်။

ရှရစ်ဇ်နှင့် ဟမ်ဇာတို့ကို တရားရုံးတစ်ခုက ပြီးခဲ့သည့် အောက်တိုဘာလတွင် ၎င်းတို့၏ စွဲချက်များမှ တရားသေ လွှတ်ပေးခဲ့သော်လည်း ဆူလီမန်မှာ လန်ဒန်သို့ သွားပြီးချိန်ကတည်းက ထိုသို့ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ခြင်း မရှိပေ။

ရှရစ်ဇ်တို့ သားအဖ သုံးဦးကို ပါကစ္စတန် အစိုးရရှေ့နေများက ၂၀၀၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဒေါ်လာ သန်း ၂၀၀ နီးပါးနှင့်ညီမျှသည့် ရူပီး ၁၆ ဒသမ ၃ ဘီလီယံကို ခဝါချခဲ့သည်ဟု စွပ်စွဲထားသည်။

ပါကစ္စတန်တွင် အစိုးရအဖွဲ့ဝင်များကို ၎င်းတို့၏ပြိုင်ဘက် နိုင်ငံရေးသမားများက တရားစွဲဆိုခြင်းများ ပြုလုပ်လေ့ ရှိပြီး တရားရုံး လုပ်ငန်းစဉ်များနှင့် ရှုပ်ထွေးနေစေရန်၊ နိုင်ငံရေး ကြိုးဝိုင်းမှ ဖယ်ထုတ်ရန် ပြုလုပ်လေ့ရှိသည်။

ဝန်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ်၏ ညီအစ်ကိုဖြစ်သူ ရှာဘတ်ဇ်ရှရစ်ဖ်သည် ယခုနှစ် အစောပိုင်းတွင် ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။

Source: AP