CNI International News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃

ထိုင်းနိုင်ငံ၊ နရသီဝပ်ခရိုင်ရှိ ရဲစခန်း တစ်ခုသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က ကားဗုံးခွဲ တိုက်ခိုက်ခံခဲ့ရကြောင်း ဘန်ကောက်ပို့စ်က ရေးသား ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိ တစ်ဦး သေဆုံးပြီး တခြားသော လူ ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကားဗုံးခွဲ တိုက်ခိုက်မှုကို မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းက လုပ်ဆောင်ခြင်း ဖြစ်သည်ကိုတော့ ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်ကို မတွေ့ရသေးပေ။