CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်အထိ အကျဉ်းသား/သူ ၅၉၆၂၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (နိုဝင်ဘာ ၁၈ ရက်)တွင် ၂၁ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)က အကျဉ်းသား/သူ ၂၃၃၆၉ ဦး(နိုင်ငံခြားသား ၅၅ ဦး၊ ပြည်တွင်း ၂၃၃၁၄ ဦး)၊ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၇ ရက်(မြန်မာနှစ်သက်ကူးနေ့)တွင် အကျဉ်းသား/သူ ၂၃၁၈၄ ဦး (နိုင်ငံခြားသား ၁၃၇ ဦး၊ ပြည်တွင်း ၂၃၀၄၇ ဦး)၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်(သီတင်းကျွတ်အခါသမ ယ)၌ အကျဉ်းသား/သူ ၅၆၇၀ ဦး(ပြည်တွင်း ၅၆၇၉ ဦး) တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

 နစက-က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ စာရင်းကိုတွေ့ရစဉ်

ထို့နောက် ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် အကျဉ်းသား/သူ ၇ ဦး(နိုင်ငံခြားသား ၁ ဦး၊ ပြည်တွင်း ၆ ဦး)၊ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်(မြန်မာနှစ်သစ်ကူးနေ့)၌ ၁၆၉၁ ဦး (နိုင်ငံခြားသား ၄၂ ဦး၊ ပြည်တွင်း ၁၅၇၇ ဦး)၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်မှာ အကျဉ်းသား ၆ ဦး (ပြည်တွင်း ၆ ဦး)၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် (အမျိုးသားနေ့)မှာတော့ အကျဉ်းသား ၅၇၇၄ ဦး(နိုင်ငံခြားသား ၄ ဦး၊ ပြည်တွင်း ၅၇၇၀ ဦး)တို့ကို နစက-က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

ထို့နောက် နစကသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်အတွင်း နိုင်ငံခြားသား ၂၃၉ ဦး၊ ပြည်တွင်း အကျဉ်းသား/သူ ၅၉၃၉၀ ဦး စုစုပေါင်း ၅၉၆၂၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။