CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆

နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် အမျိုးသားနေ့ကို ဂုဏ်ပြုသော အားဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)အရ အရေးယူထားသည့် အနုပညာရှင်များနှင့် ပြစ်ဒဏ်ကျခံလျက်ရှိသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမည်ဟု နစက-က ယနေ့ (နိုဝင်ဘာ ၁၆ ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက် ယနေ့ကာလအထိ နိုင်ငံတော်၏ တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များ ချီးမြှင့်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။