အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူးရုံးတွင် ၂၀၂၁ ခုနှစ်၊ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက “ တွေ့ဆုံစဉ် နှစ်နိုင်ငံ အစိုးရနှစ်ရပ် အကြား လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ နှင့် မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မ တော် ပါဝင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဆောင် ရွက်နိုင်မည့် အခြေအနေများ နှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင် မည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုတွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာဘက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် နှင့်အတူ နစက ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ နစက ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မြန်မာ စစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့ တက်ရောက်ခဲ့ပြီး ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဘက်ကမူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ လုံခြုံရေးကောင်စီ အတွင်းရေး မှူး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်း ရေးမှူး Mr.Nikolai Plato-novich Patrushev နှင့် မတွေ့ဆုံမီ နံနက် ၉ နာရီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Rosoboronexport ကုမ္ပဏီ ညွှန် ကြားရေးမှူးချုပ် Mr.Alexander A.Mikheev နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများဖြင့် Metropol Hotel ဧည့်ခန်းမ ဆောင်၌ တွေ့ ဆုံ၍ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအ နေများကို ဆွေးနွေး ခဲ့ကြသည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထား သည်။ နစက ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပမည့် (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Con ference on International Security-2021(MCIS-2021)သို့ တက်ရောက်ရန် ဇွန်လ ၂၀ ရက်နေ့က ရုရှားဖက်ဒဒေးရှင်း နိုင်ငံသို့ ရောက်ရှိနေ သည်။ မြန်မာနိုင်ငံသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်မှု ဆက်ဆံရေး ကောင်းတစ်ရပ်ကို တခြားသော နိုင်ငံများထက် ပိုမို တည် ဆောက် ထားသလို စစ်လက်နက် ပစ္စည်းဝယ်ယူမှု အများဆုံးနိုင်ငံလည်း ဖြစ်သည်။
လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာ-ရုရှား ဆွေးနွေး
- By CNI
- Category: နိုင်ငံရေး
- Hits: 475