CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၉


အဆိုတော် အီတိုးကို  စက်တင်ဘာ ၈ ရက်နေ့က ၎င်းနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းက ၈ မိုင်ရှိ ခြံဝန်းတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။


အဆိုတော် ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အဆိုတော်အီတိုးကို ၈ မိုင်ခြံတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ၉ မိုင်ရှိ ခြံဝန်းတစ် ခု အတွင်းက အီတိုးနှင့်ဆက်စပ်သူ လူငယ်များကိုလည်း ဖမ်းဆီးသွားကြောင်း နီးစပ်သူများက ဆိုသည်။


အမည်မဖော်လိုသူ နီးစပ်သူ တစ်ဦးက “ အဆိုတော် အီတိုးတို့အဖွဲ့ကို ဖမ်းဆီးသွားတာလို့ ကြားရတယ်။ ဒါပေမယ့် လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရတာမဟုတ်ဘူး၊ ခြံဝန်းအတွင်းမှာရှိတဲ့ လူ တွေ အားလုံးကို ခေါ်သွားတာ။ ၉ မိုင်ခြံဝန်းကို မနက် ၄ နာရီမှာ ရောက်လာပြီးတော့ ခြံဝန်းထဲကလူတွေကို ခေါ်သွားတာ အခုထိ ဖမ်းထားတာ အဆက်အသွယ်မရသေးဘူး”ဟု ပြောသည်။


အဆိုပါ ဖမ်းဆီးခံရသူများမှာ အနည်းဆုံး လူ ၅ ဦးခန့် ရှိကြောင်း သိရသည်။ မည်သည့်အတွက်ကြောင့် ဖမ်းသွားသည်ကိုတော့ အတိအကျ မသိရသေးပေ။


အီတိုးနှင့်နီးစပ်သူအသိုင်းအဝိုင်း၏ ပြောကြားချက်များအရ အီတိုးကို ရေကြည်အိုင်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။