CNI International News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို နိုင်ငံရေးရာထူးအတွက် ရွေးကောက်ခံမည့် အရည်အချင်း မပြည့်မီကြောင်း ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်က ဆုံးဖြတ်ခဲ့သည်။

ပါကစ္စတန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများပစ်နေစဉ် (AFP)

အဆိုပါ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို အီမရန်ခန်းအား ထောက်ခံသူများနှင့် Pakistan Tehreek-e-Insaf (PTI) က မြို့တော် အစ္စလာမ်ဘတ်မှာ ကျင်းပခဲ့သည်။

ထိုဆန္ဒပြပွဲကို ပါကစ္စတန် ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ ပစ်၍ လူစုလူဝေးကို ဖြိုခွင်းခဲ့သည်။