- By CNI
- Category: နိုင်ငံရေး
- Hits: 1456
CNI International News
ဝါရှင်တန်၊ မေလ ၃
နျူကလီးယားစစ်ပွဲတွင် အောင်နိုင်သူမရှိဟု ရုရှားနှင့်အမေရိကန်တို့ သဘောတူခဲ့ကြကြောင်း အိမ်ဖြူတော် သတင်းပြန်ကြား ရေးတာဝန်ခံ ဂျန်ဆာကီက မေလ ၂ ရက်တွင် ပုံမှန်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု တာ့စ်သတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။
“ဒါဟာ နျူကလီးယားစစ်ပွဲ မဟုတ်ဘူးလို့ ရုရှားဘက်က ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။ အဲဒါကို ကျမတို့ သဘောတူပါတယ်”ဟု ဂျန်ဆာကီက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေဖြင့် ယူကရိန်းသို့ အမေရိကန်တပ်များ စေလွှတ်ရန် ဆန္ဒမရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
“သမ္မတရဲ့အမြင်ကို ကျမ မှတ်သားပါတယ်။ ပြီးတော့ သူ့ရဲ့ရပ်တည်ချက်က ဒီစစ်ပွဲကို တိုက်ဖို့ အမေရိကန်တွေကို မြေပြင်မှာ နေရာချထားတာမျိုး မရှိပါဘူး။ ဒါကို အမေရိကန်နိုင်ငံသားတွေ သိအောင် ကျမတို့ ထပ်လောင်း အတည်ပြုပါတယ်” ဟု ဂျန်ဆာကီက ရှင်းပြခဲ့သည်။
ယူကရိန်းနိုင်ငံတဝန်း ဖြစ်ပေါ်နေသည့် အခြေအနေသည် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့နှင့် ရုရှားတို့အကြား သွယ်ဝိုက် သော စစ်ရေးပဋိပက္ခ (proxy war) အဖြစ် ပြောင်းလဲသွားသည်ဆိုသည့် အဆိုကိုလည်း ၎င်းက ငြင်းပယ်ခဲ့သည်။
ပူတင်နဲ့ဘိုင်ဒန်
“ဒါဟာ သွယ်ဝိုက်စစ်ပွဲ (proxy war) မဟုတ်ပါဘူး။ တကယ်ဖြစ်နေတာက ရုရှားနဲ့ယူကရိန်းအကြား စစ်ပွဲပါ။ နေတိုး မပါပါ ဘူး။ အမေရိကန်ကလည်း ဒီပွဲမှာ ဝင်မတိုက်ပါဘူး။ ဒါမျိုး ထပ်မပြောဖို့ အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်။ ကရင်မလင်က ဒီစစ်မျက်နှာမှာ ဒါမျိုးစကား ပြောနေတာ ကြားရပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒွန်ဘတ်စ်ဒေသရှိ သမ္မတနိုင်ငံ နှစ်နိုင်ငံမှ ခေါင်းဆောင်များက အကူအညီ တောင်းခံလာ သည်ဟု အကြောင်းပြလျက် အထူးစစ်ဆင်ရေး အမည်တပ်ထားသော ကျူးကျော်မှုကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ခဲ့သည်။
မော်စကိုသည် ယူကရိန်းနယ်မြေများကို သိမ်းပိုက်ရန် အစီအစဉ် မရှိသော်လည်း လက်နက်ဖြုတ်သိမ်းရေးနှင့် နာဇီကင်းမဲ့စေ ရေး လုပ်ဆောင်ရန် ရည်ရွယ်သည်ဟု ပူတင်က ပြောကြားခဲ့သည်။ မော်စကိုအပေါ် အနောက်အုပ်စု ပိတ်ဆို့ အရေးယူမှုများ သည် ရန်လိုသည့် လက္ခဏာရှိနေကြောင်း မတ်လ ၁၆ ရက်တွင် ပူတင်က စွပ်စွဲခဲ့သည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1374
CNI International News
လန်ဒန်၊ မေလ ၃
အီလက်ထရောနစ် စစ်ဆင်ရေးကိရိယာများ၊ ဘက်ထရီသုံး တန်ပြန်ရေဒါစနစ် အပါအဝင် ယူကရိန်းသို့ စစ်ရေး အကူအညီ စတာလင်ပေါင် သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၃၇၅ သန်း) ထပ်မံ ပေးအပ်သွားမည်ဟု ဗြိတိန်အစိုးရက မေလ ၂ ရက်တွင် ကြေညာခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။
ယူကရိန်းနိုင်ငံအတွင်းသို့ ဖေဖော်ဝါရီ ၂၄ ရက် ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ဗြိတိန်ထံမှ တင့်ကားဖျက်ဒုံးကျည် ၅၀၀၀ ကျော်၊ လေကြောင်းကာကွယ်ရေးစနစ် ၅ ခု အပါအဝင် တခြား ခဲယမ်းမီးကျောက်၊ ဖောက်ခွဲရေးပစ္စည်းများ ပေးပို့ ကူညီခဲ့သည်။ ရုရှားထိုးစစ်ကြောင့် ယူကရိန်းနိုင်ငံတဝန်း လူပေါင်းထောင်နှင့်ချီ၍ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ ကြသည်။
ယူကရိန်းသို့ မကြာသေးမီက စစ်ရေးအကူအညီ ဒေါ်လာ ၃ ဘီလီယံ ပေးအပ်ခဲ့သော အမေရိကန်ကလည်း နောက်ထပ် ဒေါ်လာ ဘီလီယံ ၂၀ ကျော် အတည်ပြုပေးရန် အမေရိကန် ကွန်ဂရက်လွှတ်တော်ထံသို့ သမ္မတ ဂျိုးဘိုင်ဒန်က ယခင် ရက်သတ္တပတ်၌ တောင်းဆိုခဲ့သည်။
မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး) နိုင်ငံများသည် ယူကရိန်းသို့ လက်နက်ခဲယမ်း အဆက်မပြတ် တင်ပို့၍ တစ်ဆင့် ခံ စစ်ပွဲဆင်နွှဲနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်၌ ရုရှားက စွပ်စွဲခဲ့သည်။
ယူကရိန်းကို ထောက်ပံ့ပေးခဲ့တဲ့ တင့်ကားဖျက်လက်နက်များ
ရုရှားသည် နယ်မြေသိမ်းယူရန် ရည်ရွယ်ချက်ဖြင့် ရန်လိုသည့် စစ်ပွဲကို စတင်ခဲ့ကြောင်း၊ ပိုမိုကျယ်ပြန့်သော ပဋိပက္ခဖြစ် အောင် လှည့်ပတ်ခြိမ်းခြောက်နေကြောင်း ယူကရိန်းနိုင်ငံနှင့် အနောက်အုပ်စုတို့က တုံ့ပြန်စွပ်စွဲခဲ့ကြသည်။
ညဘက်မြင်ကွင်းသုံး ကိရိယာများ၊ ဂြိုဟ်တု အသွားအလာတားဆီးမှု ကိရိယာများ၊ ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် အရပ်ဘက် အရာရှိများအတွက် သံချပ်ကာယာဉ်များ၊ ဒရုန်းများလည်း ဆက်လက် ပေးအပ်သွားရန် စီစဉ်နေကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ဗြိတိန်သည် စစ်ရေးအကူအညီများ သိသိသာသာ ပေးအပ်ခဲ့သော်လည်း ယခုအချိန်အထိ ယူကရိန်းထွက်ပြေးလာသည့် ဒုက္ခသည် ၅ သန်းကျော်အနက် အနည်းငယ်ကိုသာ လက်ခံ၍ ခိုလှုံခွင့်ပေးခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်၌ ယူကရိန်းနိုင်ငံသား ၈၆,၁၀၀ ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ရာ ၎င်းတို့အနက် ၂၇,၁၀၀ မှာ ဗြိတိန်နိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1901
CNI International News
ဂျေရုဆလင်၊ မေလ ၃
အဒေါ့ဖ်ဟစ်တလာသည် ဂျူးလူမျိုးမှ မြစ်ဖျားခံ၍ ဆင်းသက် ပေါက်ဖွားလာသူဖြစ်ကြောင်း ရုရှားနိုင်ငံရေးဝန်ကြီး ဆာဂျေ လာဗရော့၏ ပြောကြားချက်ကို အစ္စရေးက မေလ ၂ ရက်တွင် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ထိုပြောကြားချက်မှာ နာဇီ မီးလောင်တိုက်သွင်းမှု၏ ကြောက်မက်ဖွယ်ကောင်းပြီး ခွင့်မလွှတ်နိုင်စရာ လိမ်လည်လှည့်ဖျားမှုသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့ သည်။
လာဗရော့၏ ပြောကြားချက်ကို အနောက်အုပ်စု ခေါင်းဆောင်များကလည်း ရှုတ်ချခဲ့ကြပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက “ရုရှားသည် ဒုတိယကမ္ဘာစစ်၏ သင်ခန်းစာများကို မေ့သွားပြီ” ဟု စွပ်စွဲခဲ့သည်။
ရုရှားနှင့် ဆက်ဆံရေး သိသာစွာ ယိုယွင်းလာသည့် အရိပ်အယောင် ပြသလာသော အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ၎င်းနိုင်ငံ အတွင်းရှိ ရုရှားသံအမတ်ကို ဆင့်ခေါ်၍ တောင်းပန်စကား ပြောကြားရန် တိုက်တွန်းခဲ့သည်။
“ဒီလို လိမ်ညာမှုတွေဟာ ဂျူးတွေကို သူတို့ကျူးလွန်ခဲ့တဲ့ သမိုင်းတလျှောက် ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုတွေအတွက် သူတို့ကိုယ် သူတို့ စွပ်စွဲဖို့ ရည်ရွယ်တာပဲဖြစ်တယ်” ဟု အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တလီဘန်းနက်က ကြေညာချက် တစ်စောင် ထုတ်ပြန်၍ ပြောကြားခဲ့သည်။
“မီးလောင်တိုက် အသွင်းခံခဲ့ရတဲ့ ဂျူးလူမျိုးတွေကို နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ပြောဆိုနေတာတွေ ချက်ချင်း ရပ်တန့်ပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဟစ်တလာ(GETTY IMAGES)
ယူကရိန်းသမ္မတ ဇာလန်းစကီးသည် ကိုယ်တိုင်က ဂျူးလူမျိုးဖြစ်ပါလျက် ယူကရိန်းအပေါ် ရုရှား မည်သည့် အကြောင်းကြောင့် နာဇီရှင်းလင်းရေးဟု ပြောကြားရပါသလဲဟု မေးခွန်းကို လာဗရော့က မေလ ၁ ရက်တွင် ပြန်လည်ဖြေကြားရာ၌ အထက်ပါ အတိုင်း အခိုင်အမာ မှတ်ချက်ချခဲ့ခြင်း ဖြစ်သည်။
“သူတို့က ဂျူးဖြစ်ရဲ့သားနဲ့ ဘာကြောင့် နာဇီဆန်တယ်လို့ အပုပ်ချခံရတာလဲလို့ သူတို့က ပြောလာရင်တော့ ဟစ်တလာဆို တာလည်း ဂျူးနွယ်ဖွားလို့ပဲ ကျနော် ထင်ပါတယ်။ ဒါကို အထူးတလည် ပြောစရာမလိုပါဘူး” ဟု လာရော့က Rete ရုပ်သံ လိုင်းနှင့် အင်တာဗျူးတွင် အီတလီစကားပြန်မှတဆင့် ပြောကြားခဲ့သည်။
“ဂျူးကိုယ်တိုင်ပဲ ဂျူးဆန့်ကျင်ရေး ကိုယ့်ကိုယ်ကို ပြန်လုပ်ကြတယ်လို့ ဂျူးပညာရှိတွေ ပြောခဲ့တာ ကြာပါပြီ” ဟု လာဗရော့က ထပ်လောင်း ပြောကြားခဲ့သည်။
လာဗရော့၏ မှတ်ချက်များနှင့်ပတ်သက်၍ ရုရှားက နှုတ်ဆိတ်နေကြောင်း ၎င်း၏ညစဉ် ဗွီဒီယိုမိန့်ခွန်းတွင် ဇာလန်းစကီးက ပြောကြားခဲ့သည်။ ထိုသို့ နှုတ်ဆိတ်နေသည့် သဘောမှာ ရုရှားခေါင်းဆောင်များသည် ဒုတိယကမ္ဘာစစ်၏ သင်ခန်းစာ အားလုံး ကို မေ့လျော့လိုက်ပြီဖြစ်ကြောင်း ပြသသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တလီဘန်းနက် (GETTY IMAGES)
“အဲဒါမှမဟုတ် သူတို့ဟာ ဒီလိုသင်ခန်းစာတွေကို တစ်ခါမှ မလေ့လာဖူးတာလည်း ဖြစ်နိုင်တယ်” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်သည် အန္တရာယ်များသော စကားကို ဆန့်ကျင်ပြောဆိုခြင်းအတွက် ကမ္ဘာအတွက်ပါ တာဝန်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်တိုနီဘလင်ကင်က တုံ့ပြန်ခဲ့သည်။
ဟစ်တလာ၏ အဘိုးတော်စပ်သူတစ်ဦး၏ နောက်ခံဇစ်မြစ် အထောက်အထားကို သေချာစွာ မသိရသော်လည်း ဂျူးလူမျိုးဖြစ် နိုင်ကြောင်း ခိုင်မာသည့် အထောက်အထား မတွေ့ရဘဲ ထင်ကြေးပေးမှုအဆင့်သာ ရှိသည်ဟု ရိုက်တာသတင်းတွင် ဆက် လက် ရေးသားထားသည်။
အစ္စရေးနိုင်ငံဆိုင်ရာ ရုရှားသံရုံး (သို့မဟုတ်) မော်စကိုရှိ လာဗရော့ထံသို့ ရိုက်တာက သဘောထား မှတ်ချက် တောင်းခံခဲ့သော် လည်း ချက်ချင်းတုံ့ပြန်ခြင်း မရှိပေ။
ဖေဖော်ဝါရီလ ရုရှားကျူးကျော်မှု စတင်ပြီးနောက် အစ္စရေးက ယူကရိန်းကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ သို့သော် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတွင် အင်အားကောင်းနေသည့် ရုရှားနှင့် ဆက်ဆံရေး မတင်းမာစေရန် အစ္စရေးက သတိထားခဲ့ပြီး ရုရှားအပေါ် တိုက်ရိုက် ဝေဖန်ခြင်းများကို ကျူးကျော်မှု အစောပိုင်းကာလ၌ ရှောင်ရှားခဲ့သည့်အပြင် ရုရှားနှင့်ပတ်သက်၍ တရားဝင် ပိတ်ဆို့ အရေးယူမှုများလည်း မပြုလုပ်ခဲ့ပေ။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1278
CNI International News
ရုတ်ဒ်တောင်း၊ မေလ ၃
ဗြိတိသျှဗာဂျင်ကျွန်းစု(BVI)ကို ဗြိတိန်၏ တိုက်ရိုက်အုပ်ချုပ်ရေးအောက်တွင် ထားရှိရန် အဆိုပြုချက်အား ရာနှင့်ချီသော ကျွန်းသူကျွန်းသားများက ကန့်ကွက် ဆန္ဒပြခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။
အမေရိကန်ပိုင် မီယာမီမြို့တွင် မူးယစ်ဆေးဝါး စွဲချက်ဖြင့် BVI ဝန်ကြီးချုပ်ကို ဖမ်းဆီးလိုက်ပြီးနောက် မေလ ၂ ရက်တွင် အဆိုပါ ချီတက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ဘုရင်မကြီး အဲလိဇယက်၏ နယ်မြေဆိုင်ရာ ကိုယ်စားလှယ်က ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံထဲတွင် “ BVI ရှိ ဒေသခံများ၏ ရပိုင်ခွင့်များအနက် အုပ်ချုပ်မှု အဆင့်အတန်းများ ပြန်လည်ရယူရန်အတွက် လန်ဒန်က တိုက်ရိုက်အုပ်ချုပ်၍ ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း ” ဖော်ပြထားသည်။
ထိုရက် မတိုင်မီကပင် BVI ဝန်ကြီးချုပ် အင်ဒရူးဖာဟိုင်း (Andrew Fahie) နှင့် နယ်မြေဆိုင်ရာ ဆိပ်ကမ်းများ ညွှန်ကြားရေးမှူး တို့ကို အမေရိကန် အာဏာပိုင်များ၏ စစ်ဆင်ရေးကြောင့် အကျဉ်းချထားခဲ့သည်။
မေလ ၂ ရက်တွင် တက်ကြွ လှုပ်ရှားသူများသည် တော်တိုလာ (Tortola) ကျွန်း၊ ရုတ်ဒ်တောင်း (Road Town) ရှိ မြို့တော်ဝန် ဂျွန်ရန်ကင် (John Rankin)၏ ရုံးခန်းအပြင်ဘက်တွင် စုဝေး၍ “ ဗြိတိန်အုပ်ချုပ်ရေး အလိုမရှိ ” ဟူသော ဆိုင်းဘုတ်များ ကိုင် ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။
“ ဗြိတိန်အစိုးရနဲ့ ကမ္ဘာကို ကျနော်တို့ ပေးချင်တဲ့ သတင်းစကားကတော့ ဒီမြေကို တိုက်ရိုက်အုပ်ချုပ်လို့ မရဘူးဆိုတာပါ ” ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် လုဟော့ဒ်စမစ် (Luce Hodge-Smith) က ပြောကြားခဲ့သည်။
ဗြိတိန် ဝန်ကြီးချုပ်(GETTY IMAGES)
ယခုဆန္ဒပြပွဲသည် အစီရင်ခံစာပါ တွေ့ရှိချက်များကို ဆွေးနွေးရန်အတွက် ရောက်ရှိလာသူ အာရှနှင့်အရှေ့အလယ်ပိုင်းဆိုင်ရာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အာမန်ဒါမေးလင်း (Amanda Miliing) ၏ ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။
“စုံစမ်းရေးကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ပြီးတော့ မနေ့ကပဲ BVI ကို ကျမရောက်လာခဲ့ပါတယ်” မေးလင်းက မေလ ၂ ရက်တွင် တွစ်တာလူမှုကွန်ရက်၌ ရေးသားလွှင့်တင်ခဲ့သည်။
“BVI ရဲ့ ပြည်သူတွေ အကောင်းဆုံး အကျိုးစီးပွားဖြစ်ထွန်းဖို သဘောထားအမြင်ကို နားထောင်ဖို့၊ BVI ခေါင်းဆောင်တွေ၊ အတိုက်အခံတွေ၊ လူမှုအဖွဲ့တွေနဲ့ ကဏ္ဍအသီးသီးက ကျွမ်းကျင်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက် ရေးသားထားသည်။
BVI သည် ကာရေဘီယံ ပင်လယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းစုဖြစ်ပြီး ခန့်မှန်းခြေ လူဦးရေ ၃၅,၀၀၀ ခန့် နေထိုင် ကြပြီး ၎င်း၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒတို့ကို ဗြိတိန်အစိုးရက နိုင်ငံရပ်ခြား နယ်မြေတစ်ခုအဖြစ် ကြီးကြပ် အုပ်ချုပ် သည်။
ထိုနယ်မြေသည် ကမ္ဘာ့ထိပ်တန်း ကမ်းလွန် အခွန်ကင်းလွတ်ခဲ့ရသည့် စခန်းများထဲမှ တစ်ခုဖြစ်ပြီး ဒေသန္တရအစိုးရနှင့် ဗြိတိန်၊ လန်ဒန်အစိုးရ နှစ်ရပ်စလုံးက နယ်မြေအတွင်း တရားမဝင် နိုင်ငံခြားငွေ စီးဆင်းမှုကို လျစ်လျူရှုထားကြောင်း အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးသမားများက စွပ်စွဲထားကြသည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1142
CNI International News
မော်စကို၊ မေ ၂
ရုရှားအစိုးရသည် မေလ ၉ ရက်တွင် အောင်ပွဲခံနေ့သီးခြားသတ်မှတ်၍ ယူကရိန်းစစ်ဆင်ရေးကို အဆုံးသတ်မည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့က အီတလီနိုင်ငံမှ မီဒီယာဆက် (Mediaset) ရုပ်သံ လိုင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်ဟု ရုရှားအာဘော် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
“ကျနော်တို့တပ်ဖွဲ့တွေဟာ အောင်ပွဲနေ့ဆိုတာ အပါအဝင် တိကျတဲ့ရက်စွဲတစ်ခုသတ်မှတ်ပြီးတော့ ဒီလို အယောင် ပြလုပ်ဆောင်ချက်တွေ လုပ်မှာမဟုတ်ပါဘူး” ဟု မီဒီယာဆက်၏ မေးခွန်းတစ်ခုကို လာဗရော့က တုံ့ပြန်ခဲ့သည်။
“ကျနော်တို့ အမြဲတမ်းလုပ်နေကျပုံစံအတိုင်းပဲ မေလ ၉ ရက်ကို အလေးအနက် ဂုဏ်ပြုသွားဖို့ ရှိပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ယူကရိန်းတွင် ရုရှား၏အထူးစစ်ဆင်ရေးအရှိန်အဟုန်သည် အရပ်သားများနှင့် ၎င်းတို့တပ်ဖွဲ့ဝင်များအတွက် အန္တရာယ်များ ဦးစွာလျော့ပါးသက်သာရေးအပေါ် မူတည်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မိမိတို့စစ်ဆင်ရေးသည် အရပ်သားများ ဘေးကင်းမှုအာမခံရန်နှင့် ယူကရိန်းအရပ်သားများထံ ရုရှားခြိမ်းခြောက်မှု မရောက်ရှိစေရန် သေချာတိကျစွာ ရည်ရွယ်စီစဉ်ထားကြောင်း၊ ထိုးစစ်လက်နက်များနှင့်ပတ်သက်၍ အနောက် နိုင်ငံများအနေဖြင့် မိမိတို့စစ်ဆင်ရေးသေးသိမ်အောင် ကြိုးစားနေကြသည့် နာဇီအတွေးအခေါ် ပျံ့နှံ့မှုမှာ ဆက်စပ် နေကြောင်း လာဗရော့က သဘောထားမှတ်ချက်ပေးခဲ့သည်။
“NBC သတင်းတွေမှာ ဒါတွေ တွေ့ဖူးတယ်။ National Interest မဂ္ဂဇင်းလည်း ကျနော် ဖတ်ရပါတယ်။ ၁၉၃၅-၁၉၃၈ ခုနှစ်တုန်းကလိုမျိုး နာဇီတွေနဲ့ စစ်ရေးဂိမ်း မကစားဖို့ သတိပေးတာမျိုးပါတဲ့ လေသံပြင်းတဲ့ ဆောင်းပါး တွေလည်း အခုတလော ပေါ်လာတယ်ဗျ” ဟု ၎င်းက အီတလီရုပ်သံလိုင်းသို့ ရှင်းပြခဲ့သည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1742
CNI International News
တိုကျို၊ မေ ၂
ဂျာမနီနိုင်ငံ၏အဓိပတိ(ဝန်ကြီးချုပ်) အိုလာရှော့ဇ် (Olaf Scholz) က ၎င်း၏တိုကျိုခရီးစဉ်အတွင်း “ ဂျာမနီနှင့် ဂျပန်တို့သည် မိတ်ဖက်ဆက်ဆံရေးကို အဆင့်တိုင်းတွင် ခိုင်မာစေလိမ့်မည်ဖြစ်ကြောင်း ” ပြောကြားခဲ့သည်ဟု နစ်ကိုင်းအေးရှားသတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။
ဟိုက်ဒရိုဂျင်ကို စွမ်းအင်အစားထိုးရင်းမြစ်အဖြစ် သုံးစွဲရေး၊ ဓာတ်ငွေ့နှင့်ကျောက်မီးသွေးကဏ္ဍအထိ ပူးပေါင်း ဆောင်ရွက်သွားကြရေးအတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခံရပြီး ၅ လအကြာတွင် ဂျာမနီခေါင်းဆောင်သည် အာရှတိုက်သို့ ၎င်း၏ပထမဆုံး ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကို ရွေးချယ်ခဲ့သည်။၎င်း၏ရှေ့က ဝန်ကြီးချုပ် အိန်ဂျလာမာကယ်တုန်းကတော့ တရုတ် နိုင်ငံကို ဂျာမနီ၏ အာရှမူဝါဒ ဦးစားပေးအဖြစ် သတ်မှတ်ပြီး ဘေဂျင်းသို့ ပထမဆုံး လာရောက်လည်ပတ်ခဲ့သည်။
ဧပြီ ၂၈ ရက်၌ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် အိုလာရှော့ဇ်တို့ တွေ့ဆုံခဲ့ရာ ရုရှား၏ရန်လိုမှုများနှင့် ယူကရိန်း စစ်ပွဲကြောင့် စီးပွားရေးဆိုင်ရာသက်ရောက်မှုများအပေါ် မည်သို့တုံ့ပြန်သွားရေး အလေးပေးဆွေးနွေးခဲ့ကြသည်။
ဓာတ်ငွေ့အတွက် ရုရှားအပေါ် ဂျာမနီ အလွန်အမင်း မှီခိုအားထားခဲ့ရမှုသည် စိန်ခေါ်မှုရှိနေသော်လည်း အခြေ အနေကို အေးဆေးတည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလျက် လိုက်လျောညီထွေ တုံ့ပြန်သွားရန် လိုအပ်ကြောင်း ဧပြီ ၂၈ ရက် ညနေပိုင်းတွင် ကျင်းပသည့် ကီရှီဒါနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အိုလာရှော့ဇ်က ပြောကြားခဲ့သည်။
ကျောက်မီးသွေးတင်သွင်းမှုကို ရပ်ဆိုင်းရန် လွယ်ကူသော်လည်း ရုရှားဓာတ်ငွေ့ တင်သွင်းမှုကို ရပ်တန့်ရန်မှာမူ အချိန်ယူရဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အကြောင်းမှာ နော်ဝေနှင့် နယ်သာလန်တို့မှ သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုကို ဂျာမနီ လက်ခံနိုင်ဖို့ ဆိပ်ကမ်း များ ဆောက်လုပ်ရေး လိုအပ်နေသေးခြင်း ဖြစ်သည်။
ထို့ပြင် ခေါင်းဆောင်နှစ်ဦးတို့သည် ယူကရိန်းနိုင်ငံအတွက် အကူအညီပေးကြရန်လည်း ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် အိုလာရှော့ဇ်၏အိမ်အပြန်ခရီးတွင် ဂျပန်နိုင်ငံထံမှ အကူအညီပစ္စည်းများကို ယူကရိန်းနိုင်ငံသို့ တပါတည်းယူဆောင်သွားရန် သဘောတူညီခဲ့ကြသည်။ အဆိုပါပစ္စည်းများမှာ ဂျပန်နိုင်ငံရှိ ယူကရိန်းသံရုံးထံသို့ ကလေးအနှီးနှင့်သန့်ရှင်းရေးအသုံးအဆောင်ကဲ့သို့ နေ့စဉ်လူသုံးကုန်ပစ္စည်းများ ဖြစ်ကြောင်း ကီရှီဒါက ဖြည့်စွက် ပြောကြားခဲ့သည်။
လက်နက်ထောက်ပံ့ရေးနှင့်ပတ်သက်၍ ဂျာမနီသည် မိမိကာကွယ်ရေးကိုလည်း မြှင့်တင်ရာရောက်အောင် ယူကရိန်းသို့ တင့်ကားများ ပို့ပေးနေသည့် အရှေ့ဥရောပနိုင်ငံများကို ကူညီသွားမည်ဟု အိုလာရှော့ခ်က ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 1280
CNI International News
စတော့ဟုမ်း၊ မေလ ၂
ဖင်လန်နိုင်ငံသည် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်အဖြစ် လျှောက်ထားရန် သေချာသလောက်နီးပါး ရှိနေပြီဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒီ (Ann Linde) က ဆွီဒင်ရုပ်သံလိုင်းမှ မေလ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။
ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ဆွီဒင်နှင့် အရှေ့ဘက်အိမ်နီးချင်း ဖင်လန်တို့အပေါ် စစ်ရေးအရ ဘက်မလိုက်ခြင်းသည် အမျိုးသားလုံခြုံရေးအား အာမခံရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟူသော ယုံကြည်ချက်များအတွက် ပြန်လည် စဉ်းစား သုံးသပ်ရန် တွန်းအား ဖြစ်လာခဲ့သည်။
“သူတို့(ဖင်လန်)က နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားမယ်ဆိုတာကို အနည်းနဲ့အများဆိုသလို သိကြပါတယ်။ ပြီးတော့ ဒေသတွင်း ဟန်ချက်တစ်ခုလုံး ပြောင်းလဲစေပါတယ်။ တကယ်လို့ ကျမတို့နိုင်ငံတွေ နေတိုးထဲ ထပ်ပါလာဦးမယ်ဆိုရင် တင်းမာမှုတွေ တိုးလာတော့မယ်ဆိုတာ ကျမတို့ သိပြီးသားပါ” ဟု အန်းလင်ဒီက SVT ရုပ်သံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။
ဖင်လန် နိုင်ငံခြားရေးဝန်ကြီး ပက်ကာဟာဗစ်စတိုကို တွေ့ရစဉ်
“ဖင်လန်က နေတိုးအဖွဲ့ထဲ တကယ်ဝင်မယ်လို့ ထင်ပါသလား” မေးမြန်းခဲ့ရာတွင် လင်ဒီက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ သေချာပေါက် ပြောနိုင်ပါတယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။
ဆွီဒင်နှင့် ဖင်လန် နှစ်နိုင်ငံစလုံးသည် လာမည့် ရက်သတ္တပတ်များအတွင်း စစ်ရေးမဟာအဖွဲ့ တစ်ဖွဲ့ဖြစ်သော နေတိုးထဲ ပါဝင်ရန် ဆုံးဖြတ်ချက်ချမည်ဟု မျှော်လင့်ရကြောင်း ရိုက်တာသတင်းတွင် ဆက်လက် ရေးသားထားသည်။
ရုရှားကျူးကျော်မှု ယူကရိန်းပျက်စီးခြင်း
ဖင်လန်နှင့် ဆွီဒင်တို့သည် တစ်ချိန်တည်းတွင် အလားတူ ဆုံးဖြတ်ချက်များ ချနိုင်မည်ဟု မှန်းဆမိပါကြောင်း ဖင်လန် နိုင်ငံခြားရေးဝန်ကြီး ပက်ကာဟာဗစ်စတိုက ဧပြီ ၂၉ ရက်၌ ပြောကြားခဲ့ပြီး ဖြစ်သည်။
Source: Reuters
- By CNI News
- Category: နိုင်ငံရေး
- Hits: 2701
CNI International News
ကွန်နကရီ၊ မေလ ၁
အာဖရိကတိုက်အနောက်ပိုင်း၊ ဂီနိနိုင်ငံတွင် လက်ရှိအုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်များက အရပ်သားအစိုးရ အသွင်ကူးပြောင်း ရေးကာလ ၃ နှစ်ကျော်ကြာနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ ယမန်နှစ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အမိန့်ကို အမြန်ဆုံး ပြန်လည်စတင်ရန် တောင်းဆိုခဲ့ကြသည့် နိုင်ငံရေးအစုအဖွဲ့များကို စိတ်ပျက်စရာ ကောင်း စေသည့် ကြေညာချက် ဖြစ်လာခဲ့သည်။
ယမန်နှစ် စက်တင်ဘာလတွင် အာဏာရယူခဲ့သော စစ်အစိုးရအကြီးအကဲ ဗိုလ်မှူးကြီး မာမာဒီဒူယမ်ဘွယ်ယာက ၃၉ လကြာ မြင့်မည့် နိုင်ငံရေးဆွေးနွေးပွဲများ အပြီးသတ်နိုင်သည့် အချိန်ဇယားကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံပိုင်ရုပ်သံလိုင်းမှ ဧပြီ ၃၀ ရက် နှောင်းပိုင်းတွင် ကြေညာခဲ့သည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် မာမာဒီဒူယမ်ဘွယ်ယာ ဦးဆောင်သည့် စစ်တပ် ခေါင်းဆောင်များသည် ဆင်းရဲနွမ်းပါးသော ပြင်သစ်ကိုလိုနီဟောင်း ဂီနိနိုင်ငံရှိ ရွေးကောက်ခံသမ္မတ အယ်လ်ဇာကွန်ဒီကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည်။
အသက် ၈၄ နှစ် ရှိပြီဖြစ်သည့် သမ္မတဟောင်း ကွန်ဒီသည် ၂၀၂၀ ပြည့်နှစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်စေလျက် အတိုက်အခံများကို ထိရောက်စွာ စည်းရုံးဆွဲဆောင်နိုင်ခဲ့သည်။
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးဆိုင်ရာအဖွဲ့ (ECOWAS)သည် လက်ခံနိုင်စရာ အသွင်ကူးပြောင်းရေးကာလ အချိန် ဇယား (သို့မဟုတ်) စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများအတွက် ဂီနိစစ်အစိုးရထံမှ အဖြေစောင့်မည့် နောက်ဆုံးရက်အဖြစ် ယခင်သီတင်းပတ် ဧပြီ ၂၅ ရက်ကို သတ်မှတ်ပေးခဲ့သည်။
ဂီနိအာဏာသိမ်း စစ်တပ်သည် နောက်ဆုံး သတ်မှတ်ရက်ကို ကျော်လွန်ခွင့် ပြုရန်နှင့် ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင် နိုင်ရေးအတွက် အချိန်တိုးမြှင့်ပေးရန် ECOWAS ကို တောင်းဆိုခဲ့သည်။
စစ်အာဏာသိမ်းမှု ခံခဲ့ရသော ဂီနိနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု သက်တမ်းတိုး ခြိမ်းခြောက်နိုင်ရန်အတွက် လက်ခံနိုင်စရာ အချိန်ဇယားတစ်ခုကို ECOWAS က တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း မာလီ၊ ဘာကီနာဖာဆိုနှင့် ဂီနိနိုင်ငံတို့တွင် စစ်ခေါင်းဆောင်များက အာဏာလုယူခဲ့ကြသဖြင့် အနောက်အာဖရိကဒေသတွင်း၌ အာဏာသိမ်းမှု အနှောင်အဖွဲ့ကြောင့် နာမည်ပျက်ခဲ့ရပြီး ဒီမိုကရေစီလမ်း နောက်ကြောင်း ပြန်လှည့်အရေး စိုးရိမ်မှုများ တိုးလာခဲ့ရသည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1145
CNI International News
ကိယက်ဗ်၊ ဧပြီ ၃၀
ယူကရိန်းနိုင်ငံ၊ မာရီယူပေါလ်မြို့ရှိ အပျက်အစီးများကြားထဲမှ အရပ်သားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေးအတွက် ဧပြီ ၂၉ ရက်တွင် ကုလသမဂ္ဂ (UN)က ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ယူကရိန်းနိုင်ငံသို့ UN အကြီးအကဲ ဂူတာရက်စ် ရောက်ရှိလာချိန်၌ပင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးအပေါ် မထီမဲ့မြင်ပြု၍ ရုရှားတို့က ကိယက်ဗ်မြို့တော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအစိုးရက စွပ်စွဲခဲ့သည်။
ယူကရိန်းနိုင်ငံ၏တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် မာရီယူပေါလ်၏ နောက်ဆုံး အမာခံနေရာ ဖြစ်လာသော သံမဏိစက်ရုံ အတွင်း အခြေအနေ ဆိုးရွားနေပြီး ပိတ်မိနေသော ယူကရိန်းပြည်သူများကို ကယ်တင်ရန် တောင်းဆိုနေကြကြောင်း မာရီယူပေါလ်မြို့တော်ဝန်က ပြောကြားခဲ့သည်။
ကရင်မလင်သည် ယူကရိန်းပိုင်နက်ဖြစ်သည့် ဒွန်ဘတ်စ်ဒေသ စက်မှုဇုန်ကို သိမ်းပိုက်ရန် အပြင်းအထန် အားထုတ်နေသော် လည်း နိုင်ငံ၏အရှေ့ခြမ်းနှင့် တောင်ဘက်ခြမ်းတို့၌ ရုရှားတပ်များ၏ လှုပ်ရှားမှုများကို ယူကရိန်းတပ်များက တားဆီးဟန့်တား နေခဲ့ ကြသည်။
လုံခြုံရာသို့ ပြောင်းရွှေ့နေသော ယူကရိန်းပြည်သူများ(AP)
တချို့မြို့များတွင် လက်နက်ကြီး ထိမှန်သံများ၊ အန္တရာယ်သတိပေး ဥဩဆွဲသံများ၊ ပေါက်ကွဲများ ကြားနေရဆဲ ဖြစ်သည်။
ယူကရိန်းဘက်မှ ခုခံမှု အင်အားကောင်းသဖြင့် ရုရှား၏ထိုးစစ်မှာ စီစဉ်ထားသည်ထက် များစွာနှေးကွေးနေကြောင်း အမေရိကန် ကာကွယ်ရေးဌာန အကြီးတန်းအရာရှိတစ်ဦးက မှတ်ချက်ချခဲ့သည်။
ယခုရက်သတ္တပတ်အတွင်း ထူးခြားဖြစ်စဉ်အချို့မှာ -
(၁) ယူကရိန်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည့် အမေရိကန် မရိန်းတပ်သားဟောင်းတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်း၏ မိသားစုက ပြောကြားခဲ့သည်။ စစ်ပွဲအတွင်း အမေရိကန်တစ်ဦး ပထမဆုံး သေဆုံးမှုအဖြစ် ယခုစစ်ပွဲအတွင်း သိသာထင်ရှား သည့်ကိစ္စ ဖြစ်လာနိုင်သော်လည်း ထိုသတင်းကို အမေရိကန် တာဝန်ရှိသူများက အတည်မပြုခဲ့ပေ။
ပျက်စီးနေသော အဆောက်အဦကို ရှင်းလင်းနေစဉ်(AP)
(၂) ရုရှားတပ်ဖွဲ့ဝင်များကို ကူညီသည်ဟု စွပ်စွဲခံရသူများကို ယူကရိန်းက နှိမ်နင်းလျက်ရှိနေသည်။ ခါကိဗ်ဒေသ တစ်ခုတည်း တွင် မော်စကို စတင်ကျူးကျော်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နောက်ပိုင်း ပြဋ္ဌာန်းခဲ့သော ယူကရိန်းဥပဒေများအရ လူပေါင်း ၄၀၀ ကျော်နီးပါးကို ရာဇဝတ်ပုဒ်များဖြင့် အရေးယူ ဖမ်းဆီးထားခဲ့သည်။
(၃) စစ်ပွဲကို အကြောင်းပြု၍ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများက ရုရှားနိုင်ငံကို ဖိစီးနေခဲ့ရာ နိုင်ငံ၏စီးပွားရေးမှာ ယခုနှစ် အတွင်း ၁၀ ရာခိုင်နှုန်းအထိ ကျုံ့ဝင်သွားနိုင်ဖွယ် ရှိနေသည်ဟု မော်စကိုမြို့ရှိ ဗဟိုဘဏ်က ပြောကြားခဲ့သည်။
(၄) ဧပြီ ၂၈ ရက်တွင် ရုရှားတပ်ဖွဲ့များသည် ကိယက်ဗ်မြို့တော်ရှိ လူနေ အထပ်မြင့် တိုက်ခန်းများနှင့် တခြား အဆောက်အအုံ တို့ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ ယခုလအစောပိုင်း ရုရှားတပ်များ ပြန်ဆုတ်ပြီးချိန်မှစ၍ တိတ်ဆိတ် ငြိမ်သက်နေခဲ့သော ယင်းမြို့တော်တခွင် ပထမဆုံးအကြိမ် တဖန်ပေါက်ကွဲသံများ ကြားလာခဲ့ရသည်။
Source: AP
