- By CNI
- Category: နိုင်ငံရေး
- Hits: 1088
CNI International News
ဘေဂျင်း၊ ဧပြီ ၇
ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားအား ပြန်လည်သုံးသပ်ရေး တိုက်တွန်းရန် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) အား တောင်းဆိုမှု လုပ်ဆောင်လျက်ရှိသည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ပြောကြောင်း Al Jazeera သတင်းတွင် ဖော်ပြသည်။
တရုတ်သို့ သုံးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေသော မက်ခရွန်သည် ၎င်းအနေဖြင့် ရုရှား ကျူးကျော်စစ်အပေါ် တရုတ်ထောက်ခံနေမှုကို ရပ်တန့်ရေး ကြိုးပမ်းနေသည်ဟု ကြာသပတေးနေ့တွင် ပြောသည်။
ရုရှားအား ပြန်လည် သုံးသပ်မှု ပြုလုပ်ရန်၊ ညှိနှိုင်းရေး စားပွဲဝိုင်းဆီသို့ အားလုံးကို ခေါ်ဆောင်လာနိုင်ရန် တိုက် တွန်း စေလိုသည်ဟု ရှီနှင့် ဘေဂျင်းမြို့မှာ တွေ့ဆုံစဉ် မက်ခရွန်က ပြောခဲ့သည်။
ဆွေးနွေးပွဲများအပြီး ပူးတွဲ ထုတ်ပြန်သည့် ကြေညာချက် များတွင်လည်း ရုရှားနှင့်ယူကရိန်းအကြား ငြိမ်းချမ်းရေး ကို တတ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ရန်လည်း ခေါင်းဆောင်နှစ်ဦးက အလေးအနက်ထား တောင်းဆိုထားသည်။
ပဋိပက္ခအတွင်း နျူကလီးယား အသုံးပြုမှုကို ဆန့်ကျင်မှုလည်း ပါဝင်သည်။

ပူတင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်
ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုနှင့် တိုက်ဆိုင်စွာ တရုတ်နိုင်ငံပိုင် CCTV သတင်း၌ ရှီက ကမ္ဘာကြီးတွင် သမိုင်းဝင် ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်ပွားနေချိန်၌ ပြင်သစ်နှင့် ဆက်ဆံရေးသည် အပြုသဘောဆောင်၍ မြဲမြံစွာ ရှိနေကြောင်း ချီးကျူးခဲ့သည်ဟု ဖော်ပြခဲ့သည်။
တရုတ်သည် ပဋိပက္ခအတွက် ငြိမ်းချမ်းရေးကို ရှာဖွေရေးလမ်းကြောင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေ ကြောင်း ပြင်သစ်သမ္မတက ပြောကာ တရုတ်၏ အဖြေရှာရန် ကတိတည်မှုကိုလည်း ကြိုဆိုခဲ့သည်။
၎င်း၏ တရုတ်ခရီးစဉ်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်ကာ ယူကရိန်းအတွက် ငြိမ်းချမ်းရေး အဖြေရှာ ရန် တရုတ်အပေါ် အနောက်အုပ်စု၏ ဖိအားများ များပြားနေချိန်တွင် ပေါ်ပေါက်လာသည်။
တရုတ်သည် ယူကရိန်းအရေးတွင် ကြားနေအဖြစ်သာ ရှိသော်လည်း ရုရှား၏ ကျူးကျော်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဝေဖန်ခဲ့ခြင်း မရှိပေ။ ရှီသည် မကြာသေးခင်က မော်စကိုသို့သွားကာ ပူတင်နှင့် တွေ့ဆုံခဲ့သော်လည်း လက်ရှိ အချိန်အထိ ယူကရိန်းသမ္မတနှင့် ဖုန်းဆက်သွယ်မှုပင် မရှိသေးပေ။

မက်ခရွန်၊ ရှီကျင့်ဖျင်၊ ဗွန်ဒါလီယန်တို့ကိုတွေ့ရစဉ်
ဆွေးနွေးမှုများသည် ပွင့်လင်း၍ အပြုသဘောဆောင်ကြောင်း ပြင်သစ်အစိုးရဘက်က ထုတ်ပြန်ကာ မက်ခရွန်နှင့် ရှီတို့၏ ဆွေးနွေးမှုများသည် ဖော်ရွှေကာ လေးနက်မှုရှိသည်ဟု တရုတ်ဘက်က ထုတ်ပြန်သည်။
မက်ခရွန်သည် ဥရောပကော်မရှင် အကြီးအကဲ ဗွန်ဒါလီယန် နှင့် တရုတ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အတူ တကွ သွားရောက်ခဲ့ခြင်းက ပုံမှန်မဟုတ်သော အခြေအနေတစ်ခုဖြစ်ကာ ဝေခွဲရခက်မှုကို ဖြစ်စေသည်ဟု လေ့လာ သူများက သုံးသပ်သည်။
မက်ခရွန်နှင့် ဗွန်ဒါလီယန်တို့သည် တရုတ်တွင် good cop၊ bad cop နည်းလမ်းကို ကျင့်သုံးမည့်ပုံ ဖြစ်သည်ဟု လည်း လေ့လာသူများက သုံးသပ်ထားသည်။
Source: aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1122
ဂျေဂုဆလင်၊ ဧပြီ - ၇
အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံသို့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂါဇာကမ်းမြှောင် ဒေသအတွင်းမှ ပစ်မှတ်များကို ထိမှတ်ခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
ဂါဇာစစ်သွေးကြွများ ဘက်ကလည်း ဒုံးကျည်များဖြင့် ပြန်လည်တုန့်ပြန် ပစ်ခတ်ခြင်းကြောင့် အစ္စရေးတောင်ပိုင်း တနှံ့တလျားတွင် လေကြောင်း အချက်ပေးသံများ ဆူညံခဲ့ရသည်။
ဂျေရုဆလင်ရှိ ထိလွယ်ရှလွယ်သော မြင့်မြတ်သည့် နေရာတစ်ခုတွင် နှစ်ရက်ကြာ ဆူပူမှုများ ဖြစ်ပွားခဲ့ခြင်း ကြောင့် အစ္စရေးဘက်က နိုင်ငံ၏မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်စပ်များသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့မှုအပြီး ဒေသတွင်း၌ ပိုမိုကြီးများသော ထိပ်တိုက် တွေ့ဆုံမှုများဆီသို့ ဦးတည်လာခြင်း ဖြစ်သည်။
အစ္စရေးတို့၏ ပစ်ခတ်မှုများကြောင့် ဂါဇာတွင် ကျယ်လောင်စွာ ပေါက်ကွဲမှု အနည်းဆုံး လေးခုအထိ ဖြစ်ခဲ့ရသည်။
လှိုဏ်ခေါင်းနှစ်ခုနှင့် လက်နက်ထုတ်လုပ်ရေး စက်ရုံနှစ်ခုတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဟု အစ္စရေးစစ်တပ်က ပြောသည်။ ယခု အခြေအနေက အထိအခိုက် မခံသော အားလပ်ရက်ကာလတွင် တင်းမာမှုများ မြင့်တက်လာသည့် အရိပ်အယောင် ဖြစ်သည်။

အစ္စရေးဘက်ကို ဒုံးကျည်ကျရောက် ပေါက်ကွဲနေစဉ်
၂၀၂၁ ခုနှစ်ကလည်း အလားတူ တိုက်ခိုက်မှုများကြောင့် အစ္စရေးနှင့် ဟားမက်စ် (Hamas) အဖွဲ့တို့အကြား ၁၁ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ဖူးသည်။
အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများသည် လက်ဘနွန်နိုင်ငံမှ စစ်သွေးကြွများက အစ္စရေးဘက်သို့ ဒုံးကျည် များဖြင့် ပစ်ခတ်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထိုပစ်ခတ်မှုများကြောင့် အစ္စရေးမြောက်ပိုင်း နယ်စပ်တွင် လူနှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဂါဇာမှ စစ်သွေးကြွများကလည်း အစ္စရေးဘက်သို့ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။
ပါလက်စတိုင်း စစ်သွေးကြွများ၏ တိုက်ခိုက်မှုများသည် ဂျေရုဆလင်မြို့ဟောင်းရှိ Al-Aqsa ဗလီမှ ယခု သီတင်း ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများနှင့် ဆက်စပ်နေသည်ဟု အစ္စရေးစစ်တပ်က ပြောသည်။
ထို့နောက် အဆောက်အဦအား အစ္စရေးရဲတပ်ဖွဲ့က နှစ်ရက်ဆက်တိုက် ဝင်ရောက်စီးနင်းခဲ့ကာ ဗလီတွင် ဖြစ်ပွားခဲ့ သော အကြမ်းဖက် ဖြစ်ရပ်များက ဒေသတွင်း တင်းမာမှုများကို မြင့်မားလာစေလျက်ရှိသည်။
ဒုံးကျည် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု (Benjamin Netanyahu) က အစိုးရအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရှင်းပြခဲ့သည်။
ထို့နောက် ပြင်းထန်စွာ တုန့်ပြန်သွားမည်ဟုလည်း ၎င်းက ပြောသည်။

ဟစ်ဇ်ဘိုဘာအဖွဲ့ကိုတွေ့ရစဉ်
အစ္စရေးသို့ လက်ဘနွန်ဘက်က ဒုံးကျည် ၃၄ လုံးဖြင့် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ လက်ဘနွန် စစ်သွေးကြွများအား တုန့်ပြန်မှု လုပ်ဆောင်ခြင်း မရှိသေးပေ။
ထိုဒုံးကျည်များမှ ၂၅ လုံးကို ပစ်ချနိုင်ခဲ့ကာ ဒုံးကျည် ငါးလုံးသည် အစ္စရေးမြေပေါ်သို့ ရောက်လာခဲ့ကြောင်း၊ တခြား ဒုံးကျည်များကို စုံစမ်းနေဆဲဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။
ထိုသို့ ဒုံးကျည်များ အလုံးအရင်းဖြင့် ရောက်ရှိလာခြင်းက ပိုမိုကျယ်ပြန့်သော ထိပ်တိုက်တွေ့ဆံမှု တစ်ခုဆီသို့ ဦးတည်နေသည်။
အစ္စရေး၏ ခါးသီးသောရန်ဘက် အီရန်မှ ထောက်ပံ့ထားသည့် ဟစ်ဇ်ဘိုလာ (Hezbollah) စစ်သွေးကြွများသည် လက်ဘနွန် မြောက်ပိုင်းနေရာ အများစုကို ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 930
CNI International News
ဘန်ကောက်၊ ဧပြီ ၇
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) က ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတွင်း စည်းလုံးမှု အားနည်းခြင်းနှင့် ပတ်သက်သည့် သူ၏ စိုးရိမ်မှုကို အရိပ်အမြွက်ထုတ်ဖော်ပြောဆိုခဲ့ကာ လုံခြုံရေးနှင့် ငြိမ်းချမ်း ရေးကို ဦးစားပေးဆောင်ရွက်သွားရန်အတွက် ပါဝင်ပတ်သက်နေသူအားလုံးကို တိုက်တွန်းခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။
ဝန်ကြီးချုပ်သည် သူဘာကို စိုးရိမ်နေသလဲဆိုခြင်းကိုတော့ ရှင်းလင်းပြောဆိုခဲ့ခြင်းမရှိပေ။ စိုးရိမ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုရန် လိုအပ်သည်ဟု မထင်ကြောင်း၊ လူ့အဖွဲ့အစည်းအား မတည်မငြိမ် ဖြစ်စေသည့်အရာများကို စဉ်းစားစေလိုကြောင်း ပရာယွတ်က သူ၏စိုးရိမ်မှုနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
ဝန်ကြီးချုပ်၏ စိုးရိမ်မှုသည် မေလ အထွေထွေရွေးကောက်ပွဲအပြီး ပါတီများ၊ အဖွဲ့အစည်းများဘက် ပြောင်းလဲ ခြင်းနှင့် သက်ဆိုင်နေလားဆိုသည့် မေးမြန်းမှုများနှင့်ပတ်သက်၍လည်း ပရာယွတ်က အဆိုပါကိစ္စ မဟုတ်ကြောင်း ပြောကာ ရုတ်တရက် စကားလမ်းကြောင်း လွှဲသွားခဲ့သည်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် ၎င်း၏ ပထမဆုံးသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းကို ပြောကြားနေစဉ်
ဝန်ကြီးချုပ်သည် ထိုင်းကာကွယ်ရေးဌာန၏ ၁၃၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတစ်ခုတွင် လက်နက် ကိုင်တပ်ဖွဲ့ခေါင်းဆောင်များနှင့် နေ့လည်စာ စားခဲ့ပြီးနောက် သတင်းထောက်များထံ စကားပြောဆိုမှု လုပ်ဆောင် ခဲ့သည်။ ကာကွယ်ရေးဌာနမှ ထွက်လာချိန်တွင် ဝန်ကြီးချုပ်သည် သတင်းသမားများကို လက်ယပ်ခေါ်ကာ ၎င်း အနီးသို့ လာစေခဲ့ပြီး အင်တာဗျူး ဖြေဆိုမှု လုပ်ဆောင်ခဲ့သည်။
ပရာယွတ်သည် ရာမဘုရင် ၆ ၏ Rai Rak Rai Phon (မေတ္တာတရားမရှိရင် အောင်မြင်မှုမရှိ) ဆိုသော စာပေ လက်ရာကို ကိုးကား၍ နိုင်ငံ၏စည်းလုံးမှုနှင့် ငြိမ်းချမ်းမှု၏ အရေးပါပုံကိုလည်း အလေးအနက်ထား ပြောဆို ခဲ့သည်။ ယင်းကို သီချင်းအဖြစ် ပြောင်းလဲဖန်တီးခဲ့ပြီးလည်းဖြစ်သည်။ နိုင်ငံတွင်းငြိမ်းချမ်းမှုအားနည်းခြင်းက ထိုင်းနိုင်ငံအား နိုင်ငံတကာစာမျက်နှာတွင် အခွင့်အရေးကောင်းများ ဆုံးရှုံးရန် ဖြစ်စေသည်ဟု သတိပေးခဲ့ပြီး ဖြစ်ကြောင်းလည်း ပရာယွတ်က ပြောသည်။ အားလုံးမေ့နေလောက်ပြီဖြစ်သော ရာမဘုရင် ၆ ၏ သီချင်းကို ပြန်လည်နားထောင်ရန် တိုက်တွန်းသည်ဟု ပရာယွတ်က ပြောသည်။
လက်ရှိအာဏာရ PPRP ပါတီနှင့် ပင်မအတိုက်အခံ ဖြူးထိုင်း (Pheu Thai) ပါတီတို့အကြား လျှို့ဝှက် သဘော တူညီချက်တစ်ခု ရှိနေနိုင်သည်ဟု ယခုဖျက်သိမ်းခဲ့ပြီဖြစ်သော UDD ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဂျာတူပွန်း ပရွန်ပန် (Jatuporn Prompan) က အင်္ဂါနေ့တွင် ပြောခဲ့သည်။ ၎င်းသည် ဖြူးထိုင်းပါတီအား ဝေဖန်မှုများစွာ ပြုလုပ်ထား သူတစ်ဦးလည်း ဖြစ်သည်။

ပင်မအတိုက်အခံပါတီတစ်ခုဖြစ်သည့် ဖြူးထိုင်း ပါတီဝင်များ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တစ်ခု
သဘောတူညီချက်အရ ပါတီများသည် ညွန့်ပေါင်းအစိုးရဖွဲ့ကာ ရွေးကောက်ပွဲပြီးချိန်တွင် ဒုတိယဝန်ကြီးချုပ်နှင့် PPRP ခေါင်းဆောင် ပရာဝစ် ဝေါင်ဆူဝမ် (Prawit Wongsuwon) တို့အား ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းရန် ကြံစည်ထားသည်ဟု ဂျာတူပွန်းက ပြောသည်။ ဗိုလ်ချုပ်ကြီး ပရာဝစ်နှင့် ရင်းနှီးသောမိတ်ဆွေတစ်ဦး၏ ဇနီးကို ဖြူးထိုင်းပါတီ၏ ၂၂ ဦးမြောက်အမတ်လောင်းအဖြစ် အဆိုတင်သွင်းလိုက်ခြင်းကြောင့် ဂျာတူပွန်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်က ထိုကိစ္စကြောင့် ဖြူးထိုင်းနှင့် PPRP တို့အကြား လျှို့ဝှက်သဘောတူညီချက်နှင့် ပတ်သက် သည့် ကောလာဟလများကိုလည်း ဖြစ်စေခဲ့သည်။ သို့သော် အဆိုပါ ကောလာဟလများကို ဖြူးထိုင်းဘက်က ငြင်းဆိုထားသည်။
Source:Bangkokpost
- By CNI
- Category: နိုင်ငံရေး
- Hits: 861
CNI International News
မင့်ခ်၊ ဧပြီ ၇
ဘယ်လာရုစ်သို့ ရုရှား၏ နျူကလီးယား လက်နက်များ ပို့ဆောင်မည့် အချိန်ကာလကို နှစ်နိုင်ငံခေါင်းဆောင်များ က ပူးတွဲဆုံးဖြတ်သွားမည်ဟု ဘယ်လာရုစ် လုံခြုံရေးကောင်စီ အတွင်းရေးမှူးက ကြာသပတေးနေ့တွင် ပြောကြောင်း တာ့စ်သတင်းတွင် ဖော်ပြသည်။
ထိုကိစ္စနှင့် ပတ်သက်သည့် အဆုံးအဖြတ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)၊ ဘယ်လာရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko)၊ ရုရှားနှင့် ဘယ်လာရုစ်တို့၏ စစ်ဦးစီးချုပ်များက ပြုလုပ်သွားမည်ဟု ဘယ်လာရုစ် လုံခြုံရေးကောင်စီအတွင်းရေးမှူး အလက်ဇန္ဒား ဗိုဖိုဗစ်ချ် (Alexander Volfovich) က ပြောသည်။

ဘယ်လာရုစ်၏ လုံခြုံရေးကောင်စီအတွင်းရေးမှူး အလက်ဇန္ဒား ဗိုဖိုဗစ်ချ်ကိုတွေ့ရစဉ်
လက်နက် အရေအတွက်သည် အရေးမကြီးကြောင်း၊ အရေးကြီးသည်မှာ ထိုလက်နက်များကို ဘာကြောင့်နှင့် ဘယ်လိုမျိုး အကျိူးရှိစွာ အသုံးပြုသွားမလဲ ဆိုခြင်းဖြစ်ကြောင်း၊ ဘယ်အနေအထားမှာ အသုံးပြုရမည်ကို သိရှိထား ပြီးဖြစ်ကြောင်း၊ မဖြစ်မနေ သုံးစွဲရန် လိုအပ်သည်ဟု မထင်ကြောင်း ဗိုဖိုဗစ်ချ်က ပြောသည်။
ထို့နောက် နောက်ဆုံးတွင် စစ်ဘက်နှင့် မဟာဗျူဟာမြောက် နျူကလီးယား လက်နက်များသည် ရုရှား- ဘယ်လာ ရုစ် နှစ်နိုင်ငံလုံးအတွက် လုံခြုံရေးကို သေချာစေသည့် ကြိုတင် ကာကွယ်မှု တစ်ခုသာ ဖြစ်ကြောင်းလည်း ဗိုဖိုဗစ်ချ်၏ ပြောစကားကို ကိုးကား၍ BelTA သတင်းက ဖော်ပြထားသည်။
ဘယ်လာရုစ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် ရုရှား၏ နျူကလီးယား လက်နက်များကို ဘယ်လာရုစ်မြေတွင် သွားရောက် ဖြန့်ကျက်ထားမည်ဟု ပူတင်က အစောပိုင်းတွင် ပြောခဲ့သည်။

ရုရှား-ဘယ်လာရုစ် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပနေစဉ်
ထိုအခြေအနေက အမေရိကန်ဘက်မှ ၎င်း၏ မဟာမိတ်များမြေပေါ်တွင် နျူကလီးယား သွားရောက် တပ်ဆင်ထား ခြင်း သကဲ့သို့ပင် ဖြစ်သည်။
ရုရှားသည် နျူကလီးယား လက်နက် သယ်ဆောင်နိုင်သည့် Iskandar စနစ်များကို ဘယ်လာရုစ်သို့ ပို့ဆောင်ခဲ့ ပြီးဖြစ်ကာ ဘယ်လာရုစ် လေတပ်အား မွမ်းမံရေးအတွက်လည်း ကူညီပေးလျက်ရှိ သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1110
CNI International News
ဘေဂျင်း၊ ဧပြီ ၆
ယခုသီတင်းပတ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)နှင့် တွေ့ဆုံမှု၌ ယူကရိန်းငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံအား တာဝန်ခွဲဝေ ပေးအပ်လိုကြောင်း ပြောဆိုသွားမည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron)က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
မက်ခရွန်သည် ကြာသပတေးနေ့၌ ရှီနှင့် တွေ့ဆုံမှုတွင် ရုရှားသမ္မတအပေါ် တရုတ်၏ လွှမ်းမိုးနိုင်မှုအား အသုံး ပြုရေး တိုက်တွန်းသွားမည်ဟု ပြင်သစ်အရာရှိများက အစောပိုင်းတွင် ပြောခဲ့သော်လည်း တရုတ်ဘက်တွင် ကြီးကြီးမားမား ပြောင်းလဲမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာဖွယ် မရှိပေ။
တရုတ်နှင့် ဆက်ဆံရေးတွင် မက်ခရွန်သည် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန် (Ursula von der Leyen) နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ် မစတင်ခင် ရုရှားနှင့်တရုတ်တို့ကြား ဆက်ဆံရေးမှာ အဆုံးမရှိဟု နှစ်နိုင်ငံ ခေါင်းဆောင်များက ပြောသည်။
တရုတ်သည် ကျူးကျော်မှုနှင့် ပတ်သက်၍ ရုရှားအား ဝေဖန် အပြစ်တင်ရန် ငြင်းဆိုထားသည်။

တရုတ်အလံကိုတွေ့ရစဉ်
ထိုကိစ္စတွင် ကြားနေအဖြစ် ရပ်တည်ကာ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးတို့ကို တောင်းဆိုထားသည်။
တရုတ်ရှိ ပြင်သစ်နိုင်ငံသားများနှင့် တွေ့ဆုံရာတွင် မက်ခရွန်က ၎င်းသည် ယူကရိန်း၊ အီရန်၊ မြောက်ကိုရီးယား အပါအဝင် နိုင်ငံတကာ အကြောင်းကိစ္စများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် တရုတ်နိုင်ငံအား တာဝန် ခွဲဝေယူရေး လုပ်ဆောင်သွားမည်ဟု ပြောခဲ့သည်။
တရုတ်သည် ယူကရိန်း ပြည်သူများအတွက် အသုံးဝင်မည့် လုပ်ဆောင်ချက်များတွင် ပါဝင်လိမ့်မည်ဟု မျှော်လင့် ကြောင်း မက်ခရွန်က ပြောကာ တရုတ်နှင့် ဆွေးနွေးပွဲများသည် မရှိမဖြစ် အရေးပါကြောင်းလည်း ပြောသည်။
တရုတ်အစိုးရသည် ရုရှားအား ၎င်းတို့အတွက် စွမ်းအင် အရင်းအမြစ်တစ်ခုဟု ရှုမြင်ထားကာ နှစ်နိုင်ငံလုံးသည် ကမ္ဘာ့ရေးရာကိစ္စများတွင် အမေရိကန်၏ လွှမ်းမိုးမှုကို ကန့်ကွက်သည်။
တရုတ်သည် ရုရှား၏ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ အကြီးဆုံး ဝယ်လက်ဖြစ်သည်။ ထိုအခြေအနေက အနောက် အုပ်စု၏ အရေးယူ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ရုရှား၏ ဝင်ငွေကို အကူအညီ ဖြစ်စေသည်။
ယင်းက တရုတ်၏ ရုရှားအပေါ် လွှမ်းမိုးနိုင်မှုကို မြင့်တက်စေသော်လည်း ရှီသည် ပူတင်အား ဖိအားပေးခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်စီးသွားမည့် အန္တရာယ်ကို ရှောင်ရှားချင်ပုံ ရသည်။

မက်ခရွန်ကိုတွေ့ရစဉ်
ပူတင်၏ ဘယ်လာရုစ်တွင် နျူကလီးယား လက်နက်များ ချထားရေး အစီအစဉ်ကို တရုတ်ဘက်က လက်မခံ ကြောင်းလည်း မက်ခရွန်က ပြောသည်။
နိုင်ငံများ၏ နယ်မြေပိုင်ဆိုင်မှုနှင့် အချုုပ်အခြာအာဏာတို့သည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း၏ အစိတ်အပိုင်း ဖြစ်ကာ ယင်းကို တရုတ်ဘက်က အခိုင်အမာ လက်ကိုင်ထားသည်ဟု မက်ခရွန်က ပြောသည်။
ထိုသို့သော မူဝါဒများကို လိုက်နာခြင်းသည် ငြိမ်းချမ်းရေးလမ်းကြောင်း ရှာဖွေရန် ကြိုးစားခြင်း၊ ရှေ့ဆီသို့ သွားခြင်း ဆိုသည့် အဓိပ္ပါယ်ဖြစ်ကြောင်းလည်း မက်ခရွန်က ပြောသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1586
CNI International News
အင်ဖဲလ်၊ ဧပြီ - ၆
အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသည့် ကူးကီးလွတ်လပ်ရေးတပ်မတော်/ကူးကီးလွတ်လပ်ရေးအဖွဲ့(KIA/KIO)၏ တပ်မှူးဖြစ်သူကို အိန္ဒိယနိုင်ငံ၊ မဏိပူရ် ပြည်နယ် ရဲတပ်ဖွဲ့က အလိုရှိဆုံး ရာဇဝတ်သားအဖြစ် သတ်မှတ်ခဲ့ပြီး ဆုငွေထုတ်ခဲ့သည်ဟု Imphal Times သတင်းတွင် ဖော်ပြသည်။
အဆိုပါ ခေါင်းဆောင်၏ အမည်မှာ Thangkhongam Haokip(သမ်ခိုဂမ် ဟာကီးပ်) (ခေါ်) Davidson (ဒေးဗစ်ဆန်း) (ခေါ်) Pareng Kom(ပရာကို့စ်) ဖြစ်သည်ဟု ဖော်ပြသည်။
၎င်းနှင့်ပတ်သက်သည့် သတင်းပေးနိုင်သူအား ဆုငွေ ရူပီး ၅၀၀၀၀ ပေးမည်ဟု ဆုကြေး ထုတ်ထားသည်။
Haokip(ဟာကီးပ်) သည် မြန်မာနှင့်နယ်စပ် မဏိပူရ်ပြည်နယ် (Manipur) ချူရာချန်ပါခရိုင် (Churachandpur)၊ မာတီဂျန်းခိုပီ (Matijang Khopi) ကျေးရွာဇာတိ ဖြစ်သည်ဟု ဖော်ပြသည်။

ဆုငွေထုတ်ခံထားရတဲ့ ကူးကီးသူပုန်ခေါင်းဆောင် Thangkhongam Haokip ကို တွေ့ရစဉ်
ထို့နောက် ၎င်းသည် မကြာသေးခင်က ဖြစ်ပွားခဲ့သော ငွေရရှိရန် ပြန်ပေးဆွဲမှု၊ ငွေညှစ်မှုနှင့် ဗုံးခွဲမှုများတွင် ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။
ဟာကီးပ်အား ချူရာချန်ပါ ရဲစခန်းတွင် အမှုဖွင့်ထားသည့် အမှုနှစ်ခု၊ ခရိုင်အတွင်းရှိ တခြားသော တရားရုံးများတွင် ဖွင့်ထားသောအမှု ၈ ခုတို့နှင့် ဆက်စပ်နေခြင်းအတွက် အလိုရှိနေခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့သည် စွပ်စွဲခံထားရသူ၏ ဓာတ်ပုံနှင့်အတူ သတင်းပေးရန် ဖုန်းနံပါတ်များကိုလည်း ဖော်ပြထားသည်။
ထို့နောက် သတင်းပေးသူ၏ အချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဟု ကြေညာထားသည်။
Source: Imphal Times
- By CNI
- Category: နိုင်ငံရေး
- Hits: 906
CNI International News
ဂျကာတာ၊ ဧပြီ ၆
အင်ဒိုနီးရှားအရာရှိများသည် ပိုမိုများပြားသော မြန်မာ့အရေး ပါဝင်ပတ်သက် နေသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ (Retno Marsudi) က ပြောကြောင်း The Straits Times သတင်းမှ ဖော်ပြသည်။
ငြိမ်းချမ်းရေး အစီအစဉ်များနှင့်အညီ ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့သည်။
ထိုဆွေးနွေးမှုများတွင် ယခင်က တွေ့ဆုံဆွေးနွေးခဲ့ဖူးခြင်း မရှိသူများပါ ပါဝင်လာသည်ဟု ရတ်နိုက ပြော သော်လည်း ၎င်းတို့သည် မည်သူမည်ဝါ ဖြစ်သည်ကို တော့ မပြောခဲ့ပေ။
၂၀၂၃ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည့် အင်ဒိုနီးရှားသည် မြန်မာနိုင်ငံမှ အခြေအနေများ တိုးတက်ကောင်းမွန်လာစေရေး အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ကြုံးဝါးထားသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို ထုတ်ပြန်ခဲ့ သော်လည်း ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများတွင်တော့ တိုးတက်မှု အနည်းငယ်သာ ရှိသေးသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း ဖြစ်စဉ်များကြောင့် လူထောင်ချီ သေဆုံးခဲ့ရပြီး ဖြစ်သည်။
မြန်မာဘက်မှ သဘောတူထားသည့် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် အင်ဒိုနီးရှားနှင့် အာဆီယံတို့က ဦးစားပေး လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားကြောင်း ရတ်နိုက ပြောသည်။
အင်ဒိုနီးရှားသည် မြန်မာပဋိပက္ခအား ဖြေရှင်းရာတွင် ပါဝင်နေသည့် အထူးကိုယ်စားလှယ်အဖွဲ့များနှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့သည်ဟု ရတ်နိုက ပြောသည်။

အာဆီယံကိုယ်စားလှယ်များကိုတွေ့ရစဉ်
ထိုအဖွဲ့တွင် ကုလသမဂ္ဂနှင့် မြန်မာတို့မှ ပါဝင်သည်။
အာဆီယံအား ဗဟိုပြုမှုကို ဆက်လက် မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများ၊ စုပေါင်းညှိနှိုင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သူမက ပြောသည်။
တွေ့ဆုံ ဆွေးနွေးမှုများအရ အင်ဒို၏ အာဆီယံဥက္ကဋ္ဌ ရာထူး၊ အာဆီယံဗဟိုပြုမှုနှင့် ဘုံသဘောတူညီချက် ၅ ချက်တို့အပေါ် ခိုင်မာစွာထောက်ခံမှု ရရှိထားပုံရကြောင်းလည်း သူမက ဆက်လက် ပြောဆိုခဲ့သည်။
Source: The Straits Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1118
CNI International News
လော့စ်အိန်ဂျလိစ်၊ဧပြီ ၆
တရုတ်သံရုံးသည် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) နှင့် တွေ့ဆုံရန် စီစဉ်ထားသည့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီနှင့် တခြားသော ကွန်ဂရက်လွှတ်တော်အမတ်များအား ခြိမ်းခြောက်သည့် အီးမေးလ်တစ်စောင်ကို ဗုဒ္ဓဟူးနေ့တွင် ရေးသားပေးပို့ခဲ့သည်ဟု Fox News သတင်းတွင် ဖော်ပြသည်။
ဆိုင်သည် အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကာ မက္ကာသီနှင့် ယခုသီတင်းပတ် အတွင်း တွေ့ရန်စီစဉ်ထားသည်။ ပြီးခဲ့သည့်နှစ် ထိုင်ဝမ်သို့ လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီ (Nancy Pelosi) ရောက်ရှိလာမှုကဲ့သို့ အခြေအနေမျိုးဖြစ်သည်။
တရုတ်သံရုံး၏ ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ် လီရှန်း (Li Xiang) က ဆိုင်နှင့်တွေ့ဆုံမှုကြောင့် ပေါ်ပေါက် လာနိုင်သည့် နောက်ဆက်တွဲကိစ္စများနှင့်ပတ်သက်၍ လေးမျက်နှာနီးပါးရှိသော အီးမေးလ်တစ်စောင်ကို ပေးပို့ ခဲ့ခြင်းဖြစ်သည်။ ရန်စမှုတစ်ခုနှင့် ရင်ဆိုင်ရခြင်းအပေါ် တရုတ်အနေဖြင့် ဒီအတိုင်းထိုင်ကြည့်နေမည် မဟုတ် ကြောင်း၊ မလိုချင်သော အခြေအနေနှင့်ပတ်သက်၍ လိုအပ်သောလုပ်ဆောင်ချက်များ ချမှတ်တုန့်ပြန်သွားမည် ဖြစ်ကြောင်း လီရှန်းက ပြောသည်။ ထိုကဲ့သို့ အခြေအနေမျိုးမဖြစ်အောင် အတူတကွ ပူးပေါင်းဆောင်ရွက်သွား မည်ဟုလည်း ၎င်းက တောင်းဆိုထားကြောင်း PunchBowl သတင်းမှ ရရှိသည့် အီးမေးလ်မိတ္တူတွင် ဖော်ပြ ထားသည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီ(ဓါတ်ပုံ-Getty Images)
ပြီးခဲ့သည့်နှစ် နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် အမေရိကန်-တရုတ် ဆက်ဆံရေး ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ ကာ ယင်းမှ သင်ခန်းစာယူရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
ဆိုင်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် နယူးယောက်သို့ရောက်ရှိလာခဲ့ပြီး ထိုင်ဝမ်သားများကို မိန့်ခွန်း ပြောခဲ့ သည်။ ထို့အပြင် လုံခြုံရေးဆောင်ရွက်ပေးသော အမေရိကန်အား ကျေးဇူးတင်စကားပြောခဲ့ကာ ထိုင်ဝမ်သား များကို ညီညွတ်ရန်လည်း သူမက တိုက်တွန်းခဲ့သည်။ “ထိုင်ဝမ်ဘေးကင်းလေ၊ ကမ္ဘာကြီးပါအန္တရာယ်ကင်းလေ” ဟု သူမကပြောခဲ့ပြီး ထိုင်ဝမ်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်ရှိရေး ဒီမိုကရတ်တစ် မိတ်ဖက်များ နှင့် ပူးပေါင်းသွားမည်ဟုလည်း ပြောသည်။
တရုတ်အစိုးရသည် ဆိုင်နှင့်မက္ကာသီတို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ အင်္ဂါနေ့တွင် သတိပေးမှုလုပ်ဆောင်ခဲ့ကာ ယင်း က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ချိုးဖောက်မှုဟု ပြောသည်။ မက္ကာသီအနေဖြင့် တရုတ်တစ်နိုင်ငံတည်း သဘောတရားကို လျစ်လျူရှုမည်၊ အမှားများမှ သင်ခန်းစာယူရန် ငြင်းဆန်မည်၊ ထိုင်ဝမ်ကို ဆက်ကစားနေဦး မည်ဆိုလျှင် ယင်းက တရုတ်-အမေရိကန်ဆက်ဆံရေးကို ထပ်မံထိခိုက်စေသည့်အပြင် တရုတ်ပြည်သူများ၏ စည်းလုံးမှု၊ နိုင်ငံတော်ပြန်လည်ပေါင်းစည်းရေးအတွက် ပိုမိုအားကောင်းလာစေမည်ဟု လော့စ်အိန်ဂျလိစ်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
အမေရိကန်အပါအဝင် တခြားနိုင်ငံများ လက်ခံကျင့်သုံးနေသည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် ဘေဂျင်း အစိုးရသာလျှင် တရုတ်၏တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် သတ်မှတ်ထားသည်။
Source:Fox News
- By CNI
- Category: နိုင်ငံရေး
- Hits: 1152
CNI International News
ဘရပ်ဆဲလ်၊ ဧပြီ ၅
ဖင်လန်သည် အင်္ဂါနေ့တွင် နေတိုးအဖွဲ့သို့ တရားဝင် ပူးပေါင်းနိုင်ခဲ့သည်။ ယင်းသည် ရုရှား၏ ယူကရိန်း ကျူးကျော် စစ်ကြောင့်ဖြစ်သော သမိုင်းဝင် မူဝါဒရေးရာ အရွေ့တစ်ခုဖြစ်ကာ တန်ပြန်ဆောင်ရွက်ချက်များ လုပ်ဆောင်သွား မည်ဟု ရုရှားဘက်မှ ခြိမ်းခြောက်လာခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ဖင်လန်ကြောင့် နေတိုးအဖွဲ့နှင့် ရုရှားတို့၏ နယ်နိမိတ်ချင်း ထိစပ်မှုသည် နှစ်ဆနီးပါး တိုးမြှင့်လာကာ ယူကရိန်း စစ်ပွဲအတွက် အဖြေရှာမရ ဖြစ်နေချိန်တွင် ရုရှား၏ အရှေ့ဘက် စစ်မြေပြင် ကျယ်ပြန့်လာသည့် သဘောဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအား တရားဝင် စာရွက်စာတမ်းများ လွှဲပြောင်းပေးခြင်းဖြင့် ဖင်လန်နိုင်ငံခြားရေး ဝန်ကြီး ပတ်ကာ ဟာဗစ်စတိုသည် ဖင်လန်၏ နေတိုးအဖွဲ့နှင့် ပူးပေါင်းခြင်း လုပ်ငန်းစဉ်ကို အဆုံးသတ်နိုင်ခဲ့သည်။
နေတိုးအဖွဲ့သည် ၇၅ နှစ်တိုင်တိုင် အဖွဲ့ဝင်များအတွက် ကာကွယ်ပေးနိုင်ခဲ့ကြောင်း၊ ဥရောပသို့ စစ်ပွဲများ ပြန်လည် ရောက်ရှိလာချိန်တွင် ဖင်လန်သည် နေတိုးအဖွဲ့နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ကြောင်း အဖွဲ့၏အတွင်းရေးမှူး ဂျိန်းစ် စတိုတန်ဘာ့ဂျ် (Jens Stoltenberg)က ပြောသည်။
ရုရှားသမ္မတသည် နေတိုးအဖွဲ့ ကျယ်ပြန့်လာမှုကို ယူကရိန်းအား ကျူးကျော်စစ် ဆင်နွှဲရခြင်း၏ အကြောင်းပြချက် တစ်စိတ်တစ်ဒေသအဖြစ် အသုံးချနေသည်ဟုလည်း စတိုတန်ဘာ့ဂျ်က ပြောခဲ့ဖူးသည်။

ရုရှား ကာကွယ်ရေးဝန်ကြီးကိုတွေ့ရစဉ်
နေတိုးအဖွဲ့သို့ ဝင်ရောက်ခြင်းသည် ဖင်လန်၏ နယ်မြေများကို ကာကွယ်ရန်သာ ဖြစ်ကြောင်း၊ အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် လုပ်ဆောင်စရာများစွာ ကျန်ရှိနေဆဲဖြစ်ကြောင်းလည်း ဖင်လန်သမ္မတ ဆောနီနီစတို (Saul Niinisto) က ပြောသည်။
သို့သော် ရုရှားက ဖင်လန်နှင့် နေတိုး ပူးပေါင်းမှုအား ခြိမ်းခြောက်မှုတစ်ခု ရှုမြင်ထားသည်။
ဖင်လန်အတွက် တန်ပြန်လုပ်ဆောင်ချက်များ လုပ်ဆောင်သွားမည်ဟု ကရင်မလင်က ပြောသည်။
နေတိုး အဖွဲ့ဝင်အသစ် တိုးမှုသည် ယူကရိန်းပဋိပက္ခအား ပိုမိုပြင်းထန်လာ စေနိုင်သည်ဟုလည်း ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောသည်။
ဖင်လန် နေတိုးအဖွဲ့သို့ ဝင်ရောက်ခြင်းအတွက် နိုင်ငံ၏အနောက်နှင့် အနောက်မြောက်ဒေသများမှ တပ်ဖွဲ့ဝင် အင်အားကို မြှင့်တင်သွားမည်ဟု ရုရှားအာဏာပိုင်များက တနင်္လာနေ့တွင် ပြောသည်။

ဖင်လန်နဲ့နေတိုးအလံကို ပူးတွဲလွှင့်ထူထားစဉ်
ဖင်လန်၏ လုပ်ဆောင်ချက်များကို ယူကရိန်း အစိုးရဘက်ကလည်း ချီးကျူးကာ နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့်ရရေးသည် ယူကရိန်း၏ ရည်မှန်းချက် ဖြစ်သည်ဟုလည်း ပြောသည်။
နေတိုးအဖွဲ့တွင်းသို့ ဝင်ရောက်ခြင်းက စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု မလုပ်ရန်၊ အိမ်နီးချင်း ရုရှားနှင့် မိတ်ဖက် ဆက်ဆံရေးကို ထိန်းသိမ်းရန်ဆိုသည့် ဖင်လန်၏ ကာလရှည် ရပ်တည်မှုကို အဆုံးသတ်သွားစေခဲ့သည်။
ယူကရိန်းသို့ ရုရှား၏ ကျူးကျော်မှုက ဖင်လန်အား နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် ဖြစ်စေခဲ့ပြီး ရုရှားအနေဖြင့် ဖင်လန်တွင် နေတိုးတပ်ဖွဲ့ဝင်များ ချထားမှုအပေါ် အနီးကပ်စောင့်ကြည့်သွားမည်ဟု ရုရှားအစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ပတ်စ်ကော့ဗ် (Peskov) က ပြောသည်။
Source: Reuters
