CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၂၅

ဘီဘီစီရဲ့ သတင်းအစီအဉ်တင်ဆက်မှုမှာ “မန်ချက်စတာယူနိုက်တက်ဟာ အမှိုက်ဆိုတဲ့စာသား”ကို စာတန်း ထိုးခဲ့မိလို့ ပြန်လည်တောင်းပန်ခဲ့ရပါတယ်။
ဘီဘီစီဟာ တင်းနစ်ပြိုင်ပွဲသတင်းတွေရဲ့ နောက်ဆုံးရအကြောင်းအရာတွေကို တင်ဆက်ရာမှာ အဆိုပါ စာသားကို မှားယွင်းပြီး ဖော်ပြခဲ့မိတာပါ။

အစီအစဉ်တင်ဆက်သူ အန်နီတာက စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြတဲ့ မန်ချက်စတာာယူနိုက်တက် ပရိသတ်တွေအားလုံးကို တောင်းပန်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။အလုပ်သင်က အမှားအယွင်းပြုလုပ်ခဲ့တာလို့လည်း သူမက ဖြေရှင်းချက်ပေးခဲ့ပါသေးတယ်။

အစီအစဉ်တင်ဆက်သူ အန်နီတာက “အစောပိုင်းက ရုပ်သံရဲ့အောက်ခြေမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ မှတ်ချက်ပါသွားတာကို သတိပြုမိကြမှာပါ။ဒါနဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ စိတ်အနှောက်အယှက်မဖြစ်ကြဖို့ မျှော်လင့်ပါတယ်။ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ရှင်းပြပေးချင်ပါတယ်။ တစ်စုံတစ်ယောက်က စာတန်းထိုးဖို့ စားလုံးစီပြီး ထည့်သွင်းနေတာကို လေ့ကျင့်နေတာပါ။အဲဒီမှာ ဒီမှတ်ချက် စကားပါသွားခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေအနေနဲ့ ဒီစာကိုမြင်ပြီး အနှောင့်အယှက်ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ဒါဟာ အမှားဖြစ်ပြီး ဖန်သားပြင်ပေါ်မှာ ပေါ်လာဖို့ မရည်ရွယ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဘီဘီစီကလည်း လေလှိုင်းပေါ်မှာ ဖြစ်ခဲ့တဲ့အမှားအယွင်းတွေအတွက် တောင်းပန်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့တာပါ။မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် ရုန်းကန်ခဲ့ရပြီး အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ကာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် ဆုဖလားလက်မဲ့ရာသီကိုလည်း ၅ ရာသီဆက်တိုက် ဖြတ်သန်းခဲ့ရတာပါ။

ရလဒ်တွေဆိုးရွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြသစ်အဖြစ် အဲရစ်တန်ဟတ်က စတင် ကိုင်တွယ်နေပြီဖြစ်ပါတယ်။သူ့ရဲ့လက်ထက်မှာ မန်ချက်စတာယူနိုက်တက်အသင်း လမ်းကြောင်းမှန်ပေါ် ပြန် ရောက်နိုင်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြတာပါ။အဲရစ်တန်ဟတ် ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ ကြီးစိုးနေတာကို အဆုံးသတ်မယ်လို့ ပြောထားခဲ့တာဖြစ်ပါတယ်။

Source:BBC