CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၈

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ဗီယက်နမ်မှာ ကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုအဖြစ် တောင်ကိုရီးယားနိုင်ငံ ပါဂျုမြို့မှာ စခန်းသွင်း လေ့ကျင့်နေတာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို အာရှဖလားခြေစစ်ပွဲ၊ နောက်ဆုံးအဆင့် အာရှဖလား အမျိုးသမီး ဘောလုံး ပြိုင်ပွဲ အပြီး ပြုလုပ်ခဲ့တဲ့ စခန်းသွင်း လေ့ကျင့်မှုကနေ အကောင်းဆုံး အပြီးသတ် ၂၂ ဦးကို ရွေးချယ်ပြီးတော့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်မှာပါ။

လက်ရှိအချိန်မှာ ဝင်းသိင်္ဂီထွန်းကလွဲပြီး ကစားသမား ၂၁ ဦးနဲ့ တောင်ကိုရီးယားမှာ လေ့ကျင့်နေတာ ဖြစ်ပါတယ်။ ဝင်းသိင်္ဂီထွန်းကတော့ အိန္ဒိယအမျိုးသမီး လိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားနေတဲ့အတွက် ပြိုင်ပွဲကျင်းပမယ့် ဗီယက်နမ်ကို တိုက်ရိုက်လာပြီး ပူးပေါင်းမှာပါ။

မြန်မာအမျိုးသမီး အသင်းဟာ တောင်ကိုရီးယားမှာ ခြေစမ်းပွဲ(၃)ပွဲကစားဖို့ စီစဉ်ထားပြီး ဧပြီ ၂၉ ရက်နဲ့ မေ ၃ရက်မှာ တောင်ကိုရီးယား ယူ-၂၀ အမျိုးသမီးအသင်း၊ မေလ ၁ ရက်မှာ ဆိုးလ်မြို့အမျိုးသမီး ဘောလုံးကလပ်တို့နဲ့ ကစားမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ လေ့ကျင့်နေတဲ့ မြန်မာအမျိုးသမီးအသင်း(MFF)

မြန်မာအမျိုးသမီး အသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စု(ခ)မှာ ထိုင်း၊ လာအို၊ စင်ကာပူ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေတာပါ။ အုပ်စုပွဲစဉ်တွေအဖြစ် မေလ ၁၀ ရက်မှာ လာအို၊ မေလ ၁၃ ရက်မှာ ထိုင်း၊ မေလ ၁၅ ရက်မှာ စင်ကာပူ အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီး အသင်းကို နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က ကိုင်တွယ်နေတာ ဖြစ်ပါ တယ်။

မြန်မာအမျိုးသမီး အသင်းဟာ ၂၀၀၇ ကနေ ၂၀၁၉ အထိ ကစားခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲတွေမှာ ကြေးတံဆိပ်တွေပဲ ရရှိခဲ့တာ ဖြစ်ပြီး အမြင့်ဆုံး အောင်မြင်မှုအဖြစ် ငွေတံဆိပ် ၃ ကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။