CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း အာမီယာခန်း ဟာ တနင်္လာနေ့က လန်ဒန်မြို့အရှေ့ဘက်ရှိ လေတန်ဧရိယာမှာ သေနတ်ချိန်ပြီး လုယက်မှုခံလိုက်ရတဲ့ သားကောင်ဖြစ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

အာမီယာခန်း ဟာ ဇနီးဖြစ်သူနဲ့ လမ်းလျှောက်ထွက်ပြီး လမ်းဖြတ်ကူးချိန်မှာ လူနှစ်ဦးက သူ့ဆီကို ပြေးလာခဲ့တယ် လို့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ပြောခဲ့တာပါ။အဆိုပါလူနှစ်ဦးဟာ အာမီယာခန်းရဲ့မျက်နှာကို သေနတ်နဲ့ ချိန်ပြီး နာရီကို လုယူသွားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အာမီယာခန်းနဲ့ ဇနီးဖြစ်သူတို့ကတော့ ဒီ ဖြစ်ရပ်ဆိုးအပြီးမှာ ဘေးကင်းစွာနဲ့ ကျန်ရစ်ခဲ့ကြတာပါ။

လုယူသွားခဲ့တဲ့ အာမီယာခန်းရဲ့ နာရီဟာ ပေါင်(၇၂၀၀၀) တန်ကြေးရှိတဲ့ Franck Muller Vanguard နာရီ အမျိုး အစားဖြစ်ပြီး သူ့ကိုရာချီတဲ့ စိန်တွေနဲ့အလှဆင်ခဲ့တာဖြစ်ပါတယ်။

အာမီယာခန်း က “လန်ဒန်အရှေ့ဘက် လေတန်မှာ သေနတ်နဲ့ချိန်ပြီး နာရီလုယူခံလိုက်ရပါတယ်။ကျနော်နဲ့ ဖာရယ်လ်တို့ လမ်းဖြတ်ကူးခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲ သူမဟာ ကျနော့်ရဲ့နောက်ကို ခြေလှမ်းအနည်းငယ်သာ လှမ်းခဲ့ပါတယ်။လူနှစ်ယောက် က ကျနော့်ဆီကို ပြေးလာပြီး မျက်နှာကို သေနတ်နဲ့ချိန်ကာ လက်ပတ်နာရီကို တောင်းခဲ့ပါတယ်။အဓိက ကတော့ ကျနော်တို့နှစ်ဦးလုံး ဘေးကင်းဖို့ပါပဲ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံသား အိုလံပစ်ငွေတံဆိပ်ဆုရ အာမီယာခန်း ဟာ ဖေဖော်ဝါရီလက ကယ်လ်ဘရွတ်ခ် နဲ့ နောက်ဆုံး ထိုးသတ်ထားတာဖြစ်ပြီး အရေးနိမ့်ထားတာပါ။ အာမီယာခန်း က ဒီရှုံးပွဲဟာ သူ့ရဲ့ လက်ဝှေ့ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်တယ်လို့ပြောထားခဲ့တာဖြစ်ပါတယ်။ အာမီယာခန်း ဟာ လက်ဝှေ့ကစားသမားဘဝ ပွဲပေါင်း (၄၀)ထိုးသတ်ထားပြီး (၃၄)ပွဲအနိုင်ရကာ (၆)ပွဲရှုံးနိမ့်ထားတာဖြစ်ပါတယ်။

Source:Metro