CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၇

ရီးရယ်လ် အသင်းခေါင်းဆောင် ဘန်ဇီမာ ဟာ ရမ်ဇာန်ဥပုသ်လဖြစ်နေတာကြောင့် အစာရှောင်နေရပေမယ့် ချယ်လ်ဆီး အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဟတ်ထရစ်ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။

ဘန်ဇီမာ ဟာ မူဆလင်ဘာသာ ယုံကြည်မှုရဲ့ အစိတ်အပိုင်းအဖြစ် ရာမ်ဇာန်ဥပုသ်စောင့်ထိန်းနေတာပါ။ ပြင်သစ် တိုက်စစ်မှူး ဟာ အစာရှောင်နေပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ကို ထိခိုက်ခဲ့ခြင်းမရှိဘဲ ဟတ်ထရစ်သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဘန်ဇီမာ ဟာ ပြီးခဲ့တဲ့ ပီအက်စ်ဂျီ အသင်းနဲ့ ချန်ပီယံလိဂ်(၁၆)သင်း အဆင့် ဒုတိယအကျော့ပွဲစဉ်မှာလည်း ဟတ်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ အဲဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ(၂)ပွဲဆက် ဟတ်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာ က “ဒါက ကျနော့်အပေါ်မှာ သက်ရောက်မှုမရှိပါဘူး။ ရမ်ဇာန်ဟာ ကျနော့်ဘဝရဲ့ အစိတ်အပိုင်းဖြစ်ပြီး ကျနော့်ရဲ့ဘာသာတရားဟာ ရမ်ဇာန်ဥပုသ်ကို တာဝန်တစ်ခုအဖြစ် သတ်မှတ်ပေးပါတယ်။ ဒါဟာ ကျနော့်အတွက် အလွန်အရေးကြီးပြီး အစာရှောင်နေတဲ့အချိန်မှာ နေလို့ထိုင်လို့ကောင်းပါတယ်။ ကျန်းမာရေး ကောင်းနေလို့လည်း ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့တာပါ။

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရီယိုဖာဒီနန် က ချယ်လ်ဆီးနဲ့ပွဲမှာ ဟတ်ထရစ်ဂိုးသွင်းယူ ခဲ့တဲ့ ဘန်ဇီမာကို လာမယ့် ဘော်လွန်းဒီအောပိုင်ရှင်အဖြစ် ပြောသွားခဲ့ပါသေးတယ်။ “တကယ်လို့ ဘောလွန်းဒီ အောမှာ ဘန်ဇီမာရဲ့နာမည်ရေးမထိုးထားရင်တော့ ကျနော် အံသြမိမှာပါ။ သူက မှော်ဆန်ပါတယ်။ နောက်ဆုံး ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း သူဟာ ဟတ်ထရစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဒီပွဲမှာလည်း အလားတူ နောက်ထပ် ဟတ်ထရစ်ဂိုးကို သွင်းယူသွားခဲ့ပြန်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာ ဟာ ဒီရာသီမှာ ရီးရယ်လ် အသင်းအတွက် (၃၆)ပွဲ ကစားထားပြီး (၃၇)ဂိုး သွင်းယူထားတာပါ။ ဒီထဲမှာ ချန်ပီယံလိဂ်သွင်းဂိုး(၁၁)ဂိုးအထိ ပါဝင်နေတာလည်းဖြစ်ပါတယ်။

Source:TheSun