CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

အသက်(၃၃)နှစ်အရွယ်နဲ့ ဘောလုံးလောကကနေ စောစီးစွာ အနားယူခဲ့ရတဲ့ အဂွေရို က သူ့ရဲ့နှလုံးဟာ ကောင်းမွန်စွာ အလုပ်မလုပ်တော့တာကြောင့် နောက်တစ်ကြိမ်ထပ်ပြေးနိုင်မလားဆိုတာတောင် တွေးမိတယ်လို့ ပြောလိုက်ပါတယ်။အဂွေရို ဟာ ပြီးခဲ့တဲ့နှစ်က ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ တရားဝင်ကြေညာခဲ့ တာပါ။

အဂွေရို ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက အလာဗတ်စ် အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ရင်ဘတ်အောင့်တဲ့ ဝေဒနာကို ခံစားရပြီးနောက် ဆေးရုံကို ပို့ဆောင်ခဲ့ရတာပါ။ အာဂျင်တီးနား ကစားသမား ဟောင်းဟာ ကွင်းအတွင်းမှာ မိနစ်အတော်ကြာအောင် ကုသမှုခံယူခဲ့ပြီးနောက် နှလုံးခုန်နှုန်းမမှန်ကြောင်း စစ်ဆေး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဂွေရို က သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်မှုတွေရှိနေသေးတယ်လို့ ဝန်ခံ ခဲ့ပါတယ်။

အဂွေရို က “အခုအချိန်မှာ ဘောလုံးကစားဖို့ ကြိုးစားရင် အသက်ရှုမဝတော့ဘူး။တခါတလေ ကျနော်ထပ်ပြေး နိုင်ပါ့မလားလို့ တွေးမိပါတယ်။ကျနော့နှလုံးက ကောင်းမွန်စွာ အလုပ်မလုပ်သလို ခံစားရပါတယ်”လို့ ပြောခဲ့ တာဖြစ်ပါတယ်။အဂွေရို ဟာ ပြီးခဲ့တဲ့ နွေရာသီက မန်စီးတီးကနေ ဘာစီလိုနာ အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့ ခဲ့ပြီးနောက် စပိန်ကလပ် အသင်းအတွက် (၅)ပွဲသာ ပါဝင်ကစားခဲ့ရပြီး (၁)ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ကစားသမားဘဝက အနားယူကြောင်း ပြောခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဂွေရို က “ကျန်းမာရေးကြောင့် ဒီဆုံးဖြတ်ချက်ကို ချခဲ့ရတာပါ။ ကျနော် ရရှိခဲ့တဲ့ ကစားသမားဘဝအတွက် အလွန် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျနော် ဘောလုံးကို စတင်ထိတွေ့ခဲ့တဲ့ (၅)နှစ်သားအရွယ်ကတည်းက ဘောလုံး ကစားဖို့ကို အမြဲတမ်းပဲ အိမ်မက်မက်ခဲ့တာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အဂွေရို ဟာ မန်စီးတီး အသင်းမှာ ကစားခဲ့တဲ့ အချိန်အတွင်း ပရီးမီးယားလိဂ်ဖလား(၅)ကြိမ်၊ လိဂ်ဖလား(၆)ကြိမ်နဲ့ အက်ဖ်အေဖလား(၁)ကြိမ်အပါအဝင် ဆုဖလားအများအပြားကို ရယူနိုင်ခဲ့တာပါ။သူဟာ အာဂျင်တီးနား လက်ရွေး စင် အသင်းနဲ့အတူ ကမ္ဘာ့ဖလား(၃)ကြိမ် ကစားခဲ့ပြီး (၂၀၂၁) ကိုပါအမေရိကဖလား ကို ရယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source:RT