CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄

UFC တိုက်ခိုက်ရေးသမား ကြယ်ပွင့်ဟောင်း ဖယ်လ်ကာအို ဟာ သူ့ရဲ့ဇာတိ ဘရာဇီးလ်မှာရှိတဲ့ ဘားတခုမှာ ဓါးနဲ့အထိုးခံခဲ့ရပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းတွင် သေဆုံးသွားခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြ ထားပါတယ်။

ဒေသတွင်းဘားတခုမှာ ဖြစ်ပျက်ခဲ့တဲ့ ၎င်းတုန်လှုပ်ချောက်ချားဖွယ်ဖြစ်ရပ်တခုမှာ ဖယ်လ်ကာအိုဟာ အကြိမ် ပေါင်းများစွာ ဓါးနဲ့အထိုးခံခဲ့ရတယ်လို့ ယုံကြည်ရပြီး ၎င်းအား မနက်(၃)နာရီ မထိုးခင်မှာ ဆေးရုံကို ပို့ဆောင် ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကတော့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်နေကာ အသေးစိတ်အချက်အလက်ကိုတော့ ဒေသဆိုင်ရာသတင်းဌာနဖြစ်တဲ့ Gaucha ZH ကို ပေးပို့ ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် အသက်(၄၀) အရွယ်ရှိ အဆိုပါ ကစားသမားဟောင်းဟာ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တာဖြစ်ပြီး ဒီအမှုကို စုံစမ်းစစ်ဆေးနေတဲ့ ရာဖန်ဟင်းမ် က “သူ့ရဲ့ ခန္ဓာကိုယ်ဘေးနားမှာ မှန်ကွဲစတွေကို တွေ့ရှိခဲ့ပေမယ့် ကျနော်တို့ကတော့ သူ ဓါးနဲ့ထိုးခံခဲ့ရတာလို့ ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Big Ring လို့ နာမည်ပြောင်ရထားတဲ့ ဖယ်လ်ကာအို ဟာ လှောင်အိမ်တွေထဲမှာ ဆယ်စုနှစ်(၂)ခု နီးပါးကြာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပွဲပေါင်း(၆၀) ထိုးသတ်ထားခဲ့သူလည်း ဖြစ်ပါတယ်။ ဘရာဇီးလ် တိုက်ခိုက်ရေးသမားဟာ ပွဲပေါင်း(၄၀) အနိုင်ရရှိထားတာဖြစ်ပြီး ဒီထဲမှာ (၂၈)ပွဲကို အလဲထိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဟဲဗီးဝိတ်၊ လိုက် ဟဲဗီးဝိတ်နဲ့ မစ်ဒယ်ဝိတ်တန်းတွေမှာ ထိုးသတ်ခဲ့တဲ့ ဖယ်လ်ကာအိုဟာ(၂၀၁၉) ဒီဇင်ဘာက နောက်ဆုံးပွဲအဖြစ် ထိုးသတ်ထားခဲ့တာလည်းဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်ခိုက်ရေးသမားဟာ (၂၀၁၀) က UFC ရဲ့ နောက်ဆုံးပွဲအဖြစ် ဟားရစ်ကို အနိုင်ရခဲ့တာဖြစ်ပြီး အဲဒီ နောက်ပိုင်း အခြားပြိုင်ပွဲတွေမှာ ထိုးသတ်ခဲ့တာပါ။ နောက်(၂)နှစ်အကြာမှာတော့ ဘယ်လ်တာပြိုင်ပွဲကို ဝင် ရောက်ခဲ့တာဖြစ်ပြီး မစ်ဒယ်ဝိတ်ဂရမ်းပရီပြိုင်ပွဲမှာ အနိုင်ရခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဖယ်လ်ကာအိုဟာ နိုက် ကလပ်အပြင်ဘက်မှာ အမျိုးသမီးတစ်ဦးကို စော်ကားတိုက်ခိုက်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပြီးနောက် အဆိုပါပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

Source: Mirror