CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇

ဘုန်းမောက်အသင်း ကြယ်ပွင့် ဆီမန်ညိုဟာ မန်စီးတီးအသင်းနဲ့ ဆေးစစ်မှုခံယူဖို့ စီစဉ်ထားပြီး စနေနေ့ မတိုင်မီ သူ့ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ရှိနေပါတယ်။ 

မန်စီးတီးအသင်းဟာ ဇန်နဝါရီ ၁၀ ရက်အထိ အသက်ဝင်တဲ့ ဆီမန်ညိုရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်းကို ပေးချေဖို့ ဘုန်းမောက်အသင်းနဲ့ သဘောတူညီမှု ရရှိထားတာပါ။ 

ဆီမန်ညိုဟာ ဘုန်းမောက်နဲ့ စပါးအသင်းတို့ ပွဲအပြီးမှာ ဆေးစစ်မှုခံယူဖို့ စီစဉ်ထားတယ်လို့ ဘီဘီစီက ဖော်ပြထား ပါတယ်။ 

ဆီမန်ညိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီး အများအပြားက စိတ်ဝင်စားခဲ့ပေမယ့် မန်စီးတီးအသင်းဟာ ဘုန်းမောက်အသင်းထံ တရားဝင်ဆက်သွယ်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ခဲ့တာပါ။ 

ဘုန်းမောက်အသင်း နည်းပြ အီရာအိုလာက “စပါးအသင်းနဲ့ပွဲက အသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲ ဖြစ်နိုင်ပါ တယ်။ ဒါက ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်ကို ပြောတာဖြစ်ပြီး သူတို့ဟာ ဘာကိုမှ လက်မှတ်ထိုးထားတာ မရှိပါဘူး။ သူက အခုအချိန်မှာ ကျနော်တို့ရဲ့ ကစားသမားဖြစ်ပြီး ဒီအတိုင်း ဆက်ရှိနေဖို့လည်း မျှော်လင့်တယ်”လို့ ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။ 

ဆီမန်ညိုကို တွေ့ရစဉ် 

ဒါ့ပြင် အီရာအိုလာက ဆီမန်ညိုဟာ အစားထိုးဖို့ မဖြစ်နိုင်သလောက်ပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

ဂါနာလက်ရွေးစင် ကစားသမားဟာ ဒီရာသီမှာ ဘုန်းမောက်အသင်းအတွက် ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာပါ။

၂၀၂၃ ခုနှစ်က ဘရစ္စတိုးလ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆီမန်ညိုဟာ ဘုန်းမောက်အသင်းအတွက် ၁၀၉ ပွဲ ကစားထားပြီး ၃၁ ဂိုး သွင်းယူထားပါတယ်။

မန်စီးတီးအသင်းဟာ ခံစစ် ကစားသမားတွေဖြစ်တဲ့ ရူဘင်ဒီယက်ဇ်နဲ့ ဂဗာဒီယိုလ်တို့ကို ဒဏ်ရာကြောင့် လအနည်း ငယ်ကြာ အနားပေးရမှာဖြစ်လို့ ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ 

Source: BBC