CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၊ ၂

၂၀၂၁ ခုနှစ်ရဲ့ ဥရောပထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ လီဝန်ဒေါစကီးဟာ ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ Globe Soccer Awards ဆုပေးပွဲတက်ရောက်ခဲ့ရာမှာ ပေါင် ၁ သိန်း ၇ သောင်း တန်ကြေးရှိတဲ့ တန်ဖိုးကြီးနာရီကို ဝတ်ဆင်ပြီး ပွဲတက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ ၂၀၂၁ မှာ  ၅၉ ပွဲကစားပြီး  ၆၉ ဂိုးသွင်းယူနိုင်ခဲ့ကာ ဥရောပရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟာ ဒီ ဆုပေးပွဲကို တက်ရောက်ခဲ့ရာမှာ သူဝတ်ဆင်လာတဲ့ နာရီနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုခံခဲ့ရတာဖြစ်ပါတယ်။ လီဝန်ဒေါစကီး ဝတ်ဆင်ခဲ့တဲ့ Patek Philppe နာရီဟာ ပေါင် ၁ သိန်း ၇ သောင်း တန်ကြေးရှိပါတယ်။

အဲဒီနာရီကို (၁၈) ကာရတ်ရှိတဲ့ ရွှေဖြူနဲ့ ပြုလုပ်ထားတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ အသက် ၃၃ နှစ် အရွယ်ရှိ ၀ါရင့်တိုက်စစ်မှူးဟာ ဒီ ဆုပေးပွဲမှာ တနှစ်တာအကောင်းဆုံး သွင်းဂိုးဆုဖြစ်တဲ့ မာရာဒိုနာဆုနဲ့ TikTok ပရိသတ်တွေရဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆု (၂)ခုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီး ဟာ အာမနီ ဟိုတယ်လ်ကို ရောက်ရှိလာတဲ့အချိန်မှာ သူဝတ်ဆင်လာတဲ့ နာရီကို မီဒီယာတွေက သတိပြုမိသွားတာ လည်းဖြစ်ပါတယ်။ Patek Philippe ဟာ ဆွဇ်ဇာလန်ထုတ်ဖြစ်ပြီး ၁၈၃၉ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တဲ့နာရီပါ။

လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့နှစ်မှာ (၆၉) ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ဘောလွန်းဒီအော(၅)ကြိမ်ရ ရော်နယ်ဒိုရဲ့ တနှစ်အတွင်း သွင်းဂိုးစံချိန်ကို လိုက်မှီသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီကတော့ တနှစ်အတွင်း (၉၁)ဂိုး သွင်းယူ ထားပြီး သူ့ရဲ့စံချိန်ကို လှိုက်မှီဖို့တော့ လီဝန်ဒေါစကီးအနေနဲ့ ကြိုးစားရဦးမှာပါ။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့နှစ် အတွက် ဘောလွန်းဒီအောဆုပေးပွဲမှာလည်း မက်ဆီရဲ့ကျော်ဖြတ်ခြင်းကိုခံခဲ့ရပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ မက်ဆီကိုယ်တိုင်ကတောင် လီဝန်ဒေါစကီးအနေနဲ့ ဘောလွန်းဒီအောဆုကို အနည်းဆုံးတစ်ကြိမ် ရသင့်တယ်လို့ ပြောခဲ့တာပါ။

ပိုလန်တိုက်စစ်မှူးဟာ (၂၀၂၀) အတွက် ဘောလွန်းဒီအောဆုပေးပွဲကို ကျင်းပခဲ့မယ်ဆိုရင် ဒီဆုကို သေချာပေါက် ရမှာဖြစ်ပေမယ့် ကိုဗစ်ကြောင့် မကျင်းပခဲ့တဲ့ အတွက် နစ်နာခဲ့ရတာလည်းဖြစ်ပါတယ်။ မက်ဆီက သူ (၇) ကြိမ် မြောက်ရခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲအခမ်းအနားမှာ “ရောဘတ်ရေ ခင်ဗျား ဘောလွန်းဒီအောဆုနဲ့ တကယ် ကို ထိုက်တန်ပါတယ်။ (၂၀၂၀)တုန်းက ခင်ဗျားဟာ ဒီဆုကြီးရဲ့ ပိုင်ရှင်ပဲဆိုတာကို အားလုံးက သဘောတူ လက်ခံ ထားကြပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့နှစ်မှာ ဘွန်ဒစ်လီဂါရဲ့ နှစ်ပေါင်းများစွာကြာ တည်ရှိနေတဲ့ စံချိန်နှစ်ခုကို ချိုးဖျက်နိုင်ခဲ့ တာပါ။ လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ(၂၅)ပွဲ ကစားထားပြီး ဂိုး(၃၀)သွင်း ယူထားတာဖြစ်ပါတယ်။

Source:The Sun