CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂
ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်းက စပိန်မှာ ကစားချင်တဲ့အကြောင်းကို ပရိသတ်တွေကို ပြောလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဟာလန်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ် နေတာဖြစ်ပါတယ်။ ဒီနှစ် ဘောလုံးရာသီ အကုန်မှာ ဟာလန်းနဲ့ ဒေါ့မွန်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်အရ စာချုပ်ဖျက်သိမ်းကြေး ပေါင်(၆၃)သန်းဟာ အသက်ဝင်လာမှာဖြစ်တာကြောင့် သူ့ကို ခေါ်ယူမယ့်အသင်းတွေဟာ နွေရာသီအပြောင်းအရွှေ့မှာ လှုပ်ရှားလာကြ တော့မှာပါ။ နော်ဝေတိုက်စစ်မှူးကိုခေါ်ယူဖို့ ဥရောပထိပ်သီး အများအပြားက စောင့်ကြည့်နေကြတာလည်းဖြစ်ပါ တယ်။
ရီးရယ်လ်အသင်းက အသက်(၂၁)နှစ်အရွယ်ရှိ ကစားသမားကိုခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဘာစီလိုနာ အသင်း ကလည်း ဘဏ္ဍာရေးအခက်အခဲတွေရှိပေမယ့် ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသထားတာပါ။ AS သတင်းမှာတော့ ပရိသတ်အချို့ဟာ မာဘယ်လ်လာမှာ အားလပ်ရက်အပန်းဖြေ အနားယူနေတဲ့ ဟာလန်းထံ ချဉ်းကပ်ခဲ့ပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တာကို မေးမြန်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီအချိန်မှာ ဟာလန်းက လည်း စပိန်မှာ ကစားမယ်လို့ ပြန်ပြောခဲ့ကြောင်း အဆိုပါသတင်းမှာ ဆက်လက်ဖော်ပြထားတာဖြစ်ပါတယ်။
မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီ အပါအဝင် အသင်းကြီးအချို့ကလည်း နွေရာသီ အပြောင်း အရွှေ့မှာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေကြတာပါ။ နော်ဝေကစားသမားဟာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းကို ရောက်ပြီးကတည်းက ပြသနေတဲ့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် ဥရောပအသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။ နာမည်ကျော် ဂျာနယ်လစ်တဦးဖြစ်တဲ့ ဒီမာဇီယိုကလည်း ဟာလန်းဟာ ပရီးမီးယားလိဂ်ထက် လာလီဂါမှာ ကစားရမှာကို ပိုပြီးနှစ်သက်နေတယ်လို့ မကြာသေးခင်က ပြောထားခဲ့တာပါ။
ဟာလန်းဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် (၁၆)ပွဲ ပါဝင်ကစားထားပြီး (၁၉)ဂိုးသွင်းယူကာ (၅)ဂိုးဖန်တီး ထားတာဖြစ်ပါတယ်။ (၂၀၂၀) ဇန်နဝါရီက ဆဲလ်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာလန်းဟာ ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ (၇၅)ပွဲကစားထားပြီး (၇၆)ဂိုးသွင်းယူကာ ဂိုး(၂၀)ဖန်တီးနိုင်ခဲ့တာပါ။ ဒေါ့မွန်အသင်း တိုက်စစ်မှူးရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာကတော့ သူ့ရဲ့ ကစားသမားဟာ နွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန် မြူးနစ်၊ ရီးရယ်လ်၊ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတွေကို ပြောင်းရွှေ့နိုင်တယ်လို့ အကြံပြုထားတာလည်း ဖြစ်ပါ တယ်။
Source: Sport smoel