CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁
လက်စတာအသင်း တိုက်စစ်မှူး ဗာဒီဟာ လီဗာပူးလ် အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် တစ်လကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။၀
အသက်(၃၄)နှစ်အရွယ်ရှိ တိုက်စစ်မှူး ဗာဒီဟာ လီဗာပူးလ် အသင်းနောက်ခံလူ မာတစ်ပ်နဲ့ ထိခိုက်မိခဲ့တာကြောင့် ကွင်းထဲမှာ ဆေးကုသမှု ခံယူခဲ့ရပေမယ့် နောက်ဆုံးမိနစ်အထိ ဆက်ကစားခဲ့တာပါ။ အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာ အဆိုပါ ဒဏ်ရာ ကြောင့်ပဲ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ကိုလည်း မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်စတာ အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ဗာဒီဟာ (၃)ပတ်ကနေ (၄)ပတ်ကြာအထိ အနားယူရနိုင်တယ်လို့ ပြောထားခဲ့ တာပါ။ လက်စတာအသင်းရဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ပတ်ဆန်ဒါကာဟာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် (၂)ပတ် သို့မဟုတ် (၃)ပတ်ကြာ အနားယူရမှာဖြစ်ပါတယ်။
အီဟီနာချိုကလည်း အာဖရိကဖလား ပြိုင်ပွဲဝင်မယ့် နိုင်ဂျီးရီးယား လက်ရွေးစင်မှာ ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။ အာဖရိကဖလားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
ပုံ-လက်စတာအသင်း နည်းပြနဲ့ ဗာဒီကိုတွေ့ရစဉ်။(Sports Centre)
ဗာဒီဟာ ဒီရာသီမှာ လက်စတာ အသင်းအတွက် ၂၂ ပွဲ ပါဝင်ကစားထားပြီး ၁၁ ဂိုး သွင်းယူထားတာပါ။ လက်စတာ အသင်း ဟာ အခုလာမယ့် ပွဲစဉ်တွေမှာ လွတ်ခ်မန်းနဲ့ အယိုဇီပီရတ်ဇ်တို့ကို တိုက်စစ်ပိုင်းအတွက် အသုံးပြုရတော့မှာ ဖြစ်ပါတယ်။
ဘရန်ဒန်ရော်ဂျာက “ဒီလို ပွဲတွေပေါင်းစပ်မှုမှာ ပင်ပန်းနွမ်းနယ်မှုတွေက ဒဏ်ရာတွေကို ဖြစ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ကစားသမားတွေက စက်ရုပ်တွေ မဟုတ်ပါဘူး။ လူတွေက ပိုက်ဆံတွေ အများကြီးပေးပြီး အပတ်တိုင်း နေ့တိုင်း ကစားသင့် တယ်လို့ ထင်နေကြပါတယ်။ ဒါက ကိစ္စမရှိပါဘူး။ ဒါဟာ ကျနော်တို့မှာရှိခဲ့တဲ့ ပွဲတွေရဲ့ ပေါင်းစပ်မှုတွေပါပဲ။ အဲ့ဒါကြောင့် ပြန်လည် ထူထောင်ရေးကာလက သူ့အတွက် ခက်ခဲစေပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
လက်စတာ အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲ ရှုံးနိမ့်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီက အက်ဖ်အေဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ လက်စတာအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။
လက်စတာ အသင်းဟာ ဇန်နဝါရီ ၁ ရက်မှာ နောဝစ်ချ် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရဖို့ ရှိပေမယ့် ကိုဗစ် အခြေ အနေတွေကြောင့် ပွဲကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
Source: BBC