CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄

အာဆင်နယ်အသင်းက ဘရန်ဖို့ဒ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နောက်ထပ် ကစားသမား ၂ ဦး ဒဏ်ရာ ရခဲ့ပြီးနောက် နည်းပြအာတီတာက အာဆင်နယ်အသင်းရဲ့ လက်ရှိ ဒဏ်ရာပြဿနာတွေက ပွဲစဉ်အချိန်ဇယား ကြောင့် ဝေဖန်ခဲ့ပါတယ်။ 

အာတီတာက “ဥရောပမှာ ပွဲတွေ အများကြီး ကစားနေရတဲ့ အသင်းတွေကို နောက်ထပ် တစ်ရက် ထပ်ပေးရပါ မယ်။ ကျနော်တို့ ဒါကိုလုပ်နိုင်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုရင် ကျနော်တို့ အားလုံးဟာ ဒီကနေ အကျိုး ကျေးဇူးတွေ ရရှိမှာဖြစ်လို့ပါ။ ဒါကြောင့် ကျနော်တို့ ဒါကိုလုပ်နိုင်ဖို့ ကြိုးစားရပါမယ်။ ဒီလိုပွဲစဉ် အချိန်ဇယားတွေ ကြောင့် တစ်ချိန်ချိန်မှာ ဒါက အလွန်အကျွံ ဖြစ်လာနိုင်ပြီး ကစားသမားတွေက စက်တွေမဟုတ်ပါဘူး”လို့ ပြောခဲ့ တာပါ။ 

မယ်ရီနို၊ ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဘရန်ဖို့ဒ်အသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၅ မှတ် ပြန်ဖြတ်နိုင်ခဲ့တဲ့ ဒီပွဲမှာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်နဲ့ နောက်ခံလူ မိုစကွဲယားတို့ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ 

အာဆင်နယ်အသင်းသား ဒဏ်ရာရသွားစဉ်

မိုစကွဲယားဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်း မပြီးခင်မှာ ဒူး ဒါမှမဟုတ် ခြေကျင်းဝတ် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ဒီကလန်ရိုက်စ်ကလည်း ပွဲပြီးဖို့ ၇ မိနစ်အလိုမှာ ဒဏ်ရာကြောင့် ပွဲဆက် မကစားနိုင်တော့လို့ လူစားလဲခဲ့ရပါတယ်။ 

အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင် အိုဒီဂတ်၊ ဂါဘရီရယ်လ်၊ ကိုင်ဟာဗက်ဇ်တို့ အပါအဝင် ဒီရာသီမှာ ကစားသမား အများအပြားကို အချိန်တစ်ခုကြာအထိ အနားပေးခဲ့ရတာပါ။

အာဆင်နယ်အသင်းဟာ အဓိက ဗဟိုနောက်ခံလူ ၂ ဦးဖြစ်တဲ့ ဆာလီဘာနဲ့ ဂါဘရီရယ်လ်တို့ကို အနားပေးထား ရချိန်မှာ မိုစကွဲယားပါ ဒဏ်ရာရခဲ့တဲ့အတွက် ဗဟိုခံစစ်နေရာအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ 

အာဆင်နယ်အသင်းဟာ အဓိက ကစားသမားတွေကို ဒဏ်ရာကြောင့် အနားပေးထားရပေမယ့် ရလဒ်ကောင်းတွေ ရရှိနေတာပါ။ 

အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယားအဆင့် ၃ နေရာ အထိ ရောက်ရှိလာခဲ့တဲ့ အက်စတွန်ဗီလာအသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN