CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂

တူရကီဘောလုံးအဖွဲ့ချုပ်ဟာ လောင်းကစား စုံစမ်းမှုတွေ ပြုလုပ်တာမှာ ကစားသမား ၁,၀၀၀ ကျော်ကို ဆိုင်းငံ့ ထားပြီး ဂါလာတာစာရေးအသင်းမှာ ကစားနေတဲ့ တူရကီနောက်ခံလူ အယ်လ်မာလီလည်း ဒီအထဲမှာ ပါဝင်နေ ပါတယ်။ 

အယ်လ်မာလီဟာ ဒီအဖြစ်အပျက်ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားမယ့် တူရကီ လူစာရင်းကနေ ထွက်ခွာခဲ့ပြီး လောင်းကစားမှုမှာ ပါဝင်ခဲ့တဲ့အပေါ် ကြေညာချက် ထုတ်ပြန်ပြီး ရှင်းပြခဲ့ပါတယ်။ 

အသက် ၂၅ နှစ်အရွယ်ရှိ အယ်လ်မာလီဟာ သူကစားနေတဲ့ အသင်း မပါဝင်တဲ့ လွန်ခဲ့တဲ့ ၅ နှစ်က ပွဲစဉ်တစ်ပွဲကို လောင်းကြေး ထပ်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။

အယ်လ်မာလီဟာ ဒီနှစ်ထဲမှာ ဂါလာတာစာရေးအသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။

အယ်လ်မာလီနဲ့ သူ့ရဲ့ဂါလာတာစာရေး အသင်းဖော် မီတီဟန်တို့ အပါအဝင် စည်းကမ်း ထိန်းသိမ်းရေးကော်မရှင် ထံ လွှဲပြောင်းပေးခံရကြောင်း တူရကီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကစားသမားစုစုပေါင်း ၁,၀၂၄ ဦးအထိ ရှိပါတယ်။

အယ်လ်မာလီကို တွေ့ရစဉ်

တူရကီဘောလုံးအဖွဲ့ချုပ်က တတိယတန်းနဲ့ စတုတ္ထတန်းလိဂ်တွေကို နှစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပေမယ့် လက်ရှိ ချန်ပီယံ ဂါလာတာစာရေးအသင်း ဦးဆောင်နေတဲ့ စူပါလိဂ်နဲ့ ဒုတိယတန်းပွဲစဉ်တွေကို ဆက်ပြီးကျင်းပ သွားမယ်လို့ ပြောထားပါတယ်။ 

တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ပွဲတွေမှာ ဒိုင်လူကြီးတွေ၊ ကစားသမားတွေရဲ့ လောင်းကစား ပြုလုပ်မှုတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်မှုတွေ ပြုလုပ်ပြီး အရေးယူမှုတွေ လုပ်ဆောင်နေတာပါ။

ထိပ်တန်းအဆင့် ပွဲတွေကို ကိုင်တွယ်ဖို့ ခွင့်ပြုချက်ရထားတဲ့ ကွင်းလယ်ဒိုင်လူကြီး ၇ ဦး အပါအဝင် ဒိုင်လူကြီး ပေါင်း ၁၅၀ ကျော်ဟာ လောင်းကစားမှုတွေ ပြုလုပ်ကြောင်း တွေ့ရှိထားပါတယ်။ 

တူရကီဘောလုံးအဖွဲ့ချုပ် အကြီးအကဲကတော့ တူရကီဘောလုံးကို သူ့ရဲ့နေရာထံ ပြန်ရောက်အောင် လုပ်ဆောင် ဖို့နဲ့ လောင်းကစားမှု အပါအဝင် အခြားအရာတွေကို ဖယ်ရှားပစ်ဖို့ ဖြစ်တယ်လို့ ပြောထားတာပါ။ 

တူရကီနိုင်ငံဟာ ၂၀၃၂ ယူရိုပြိုင်ပွဲကို အီတလီနိုင်ငံနဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားတာ ဖြစ်ပါ တယ်။ 

Source: ESPN