CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁
ယူနိုက်တက်အသင်းဟာ ဆက်စ်ကို,ကို သူတို့ရဲ့နံပတ် ၁ တိုက်စစ်မှူးပစ်မှတ်အဖြစ်သတ်မှတ်ခဲ့ပြီးနောက် ဘွန်ဒက်လီဂါကလပ် လိုက်ပ်ဇစ်အသင်းထံ ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာအသင်းတိုက်စစ်မှူးဝက်ကင်စ်ထက် ဆက်စ်ကို,ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဒီအပြောင်းအရွှေ့ဖြစ်ဖို့ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာပါ။
လိုက်ပ်ဇစ် အသင်းဟာ ဆက်စ်ကိုအတွက် add-ons အပြင် ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ ကနေ ၇၀ ကြား လိုချင်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဆက်စ်ကို,ကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် ကစားသမား တစ်ဦးပါ အလိုက်ပေးကမ်းလှမ်းဖို့ကိုလည်း စဉ်းစားနေတာပါ။
ယူနိုက်တက်အသင်းဟာ ဒီအပြောင်းအရွှေ့အတွက် တိုက်စစ်မှူးဟော့ဂျ်လန်းကို အသုံးပြုဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
အရပ် ၆ ပေ ၅ လက်မရှိတဲ့ တိုက်စစ်မှူးဆက်စ်ကိုဟာ လိုက်ပ်ဇစ်အသင်းအတွက် ၈၇ ပွဲ ကစား ထားပြီး ၃၉ ဂိုးသွင်းယူထားသလို ဆလိုဗေးနီးယားလက်ရွေးစင်အသင်းအတွက် ၄၁ ပွဲကစားထားပြီး ၁၆ ဂိုး သွင်းယူထားတာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ဆက်စ်ကိုဟာ ပရီးမီးယားလိဂ်အတွေ့အကြုံမရှိပေမယ့် ယူနိုက်တက်အသင်းနည်းပြအာမိုရင်က သူ့ရဲ့နည်းစနစ်နဲ့အံ့ဝင်နိုင်မယ်လို့ယုံကြည်နေပါတယ်။
ဆက်စ်ကိုကလည်း နယူးကာဆယ်အသင်းထက် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ရွေးချယ်နိုင်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ကွန်ညာနဲ့ အမ်ဘူမိုကို ခေါ်ယူထားပြီး ဂိုးသမားတစ်ဦးခေါ်ယူနိုင်ဖို့လည်း ရှာဖွေနေတာပါ။
ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာအသင်းဂိုးသမား အီမီမာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခြင်း ခံထားရပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် Summer Series ပြိုင်ပွဲယှဉ်ပြိုင် နေပြီး အဖွင့်ပွဲ ၂ ပွဲစလုံးအနိုင်ရရှိထားတာပါ။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် Summer Series နောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၄ ရက်မှာ အဲဗာတန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: DailyMail