CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀
မန်စီးတီးအသင်းဟာ အင်္ဂလန်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘန်လေအသင်း ကနေ ပြန်လည်ခေါ်ယူကြောင်း ကြေညာခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဂျိမ်းစ်ထရက်ဖို့ဒ်အတွက် ဘန်လေအသင်းကို ပြောင်းရွှေ့ကြေးပေါင် ၂၇ သန်း ပေးချေခဲ့ရပြီး ၅ နှစ် စာချုပ်ချုပ်ကာ စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။
မန်စီးတီးအသင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဘန်လေအသင်းထံ ထွက်ခွာခွင့်ပေးခဲ့တဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ကို ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် နယူးကာဆယ်အသင်းကို အသာရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ဘန်လေအသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ဖို့အတွက် ပွဲပေါင်း ၂၉ ပွဲအထိ ပေးဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့တာပါ။
ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ မန်စီးတီးအသင်းမှာ ကျောနံပါတ် ၁ ဝတ်ဆင်မှာဖြစ်ပြီး သူဟာ ဒီနွေရာသီ အပြောင်းအရွှေ့ မှာ မန်စီးတီးအသင်းထံ ရောက်ရှိလာတဲ့ ၆ ဦးမြောက် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
ဂျိမ်းစ်ထရက်ဖို့ဒ်ကို တွေ့ရစဉ်
ဂျိမ်းစ်ထရက်ဖို့ဒ်က “မန်စီးတီးအသင်းထံ ပြန်လည်ပြောင်းရွှေ့ခွင့်ရတာဟာ ကျနော်နဲ့ ကျနော့်ရဲ့ မိသားစုအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါ။ ကျနော်ဟာ တစ်နေ့ ဒီကိုပြန်လာနိုင်မယ်ဆိုတာ အမြဲတမ်း အိပ်မက်မက်ခဲ့ပါတယ်။ ကျနော်ဟာ ငယ်ရွယ်သေးတဲ့အတွက် ဆက်ပြီးသင်ယူဖို့နဲ့ တိုးတက်ဖို့ ဆာလောင်နေပါ သေးတယ်။ ကျနော် ဖြစ်ချင်တဲ့ အကောင်းဆုံး ဂိုးသမား ဖြစ်လာအောင် ကူညီပေးဖို့ မန်စီးတီးထက် ပိုကောင်းတဲ့ ပတ်ဝန်းကျင် မရှိဘူးဆိုတာ ကျနော်သိပါတယ်”လို့ ပြောခဲ့ပါတယ်။
ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ မန်စီးတီးအသင်းမှာ ပွဲထွက် ဂိုးသမား နေရာအတွက် အသင်းမှာရှိတာ ၈ နှစ်ကြာပြီဖြစ်တဲ့ ဘရာဇီးလ်ဂိုးသမား အီဒါဆန်နဲ့ ယှဉ်ပြိုင်ရမှာပါ။
ဂါလာတာစာရေးအသင်းရဲ့ စိတ်ဝင်စားမှုတွေ ခံနေရတဲ့ အီဒါဆန်ဟာ လာမယ့်ရာသီကုန်ရင် မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီဖြစ်ပါတယ်။
Source: ESPN