CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ 

အာဆင်နယ်အသင်း နည်းပြဟောင်း အာဆင်ဝင်းဂါးက ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘောလုံး သမိုင်းမှာ အဆိုးရွားဆုံး စိတ်ကူးလို့ ဝေဖန်ခဲ့တဲ့ လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်ကို တုံ့ပြန်ခဲ့ပါတယ်။

အာဆင်ဝင်းဂါးက “လူတိုင်းမှာ ထင်မြင်ချက် ထုတ်ဖော်ခွင့်ရှိပြီး ကလော့ပ်ရဲ့ အမြင်တွေကို ကျနော် လုံးဝမျှဝေမှာ မဟုတ်ပါဘူး။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက လိုအပ်တယ်လို့ ကျနော် ခံစားရပါတယ်။ ဒီမှာရှိခဲ့တဲ့ ကလပ်အသင်း အားလုံးကို မေးမြန်းမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်းက သူတို့ထပ်ပြီး ယှဉ်ပြိုင်ချင်တဲ့ အဖြေပြောကြမှာပါ။ ဒါက ဒီပြိုင်ပွဲအတွက် ကလပ်အသင်းတွေ ထင်မြင်ယူဆတဲ့ အကောင်းဆုံးအဖြေပါ”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ် အပါအဝင် နည်းပြအချို့နဲ့ ကစားသမားအချို့က အသင်းပေါင်း ၃၂ သင်းနဲ့ အသင်း အရေအတွက်တိုးပြီး နွေရာသီမှာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပုံစံသစ် ကျင်းပတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့ကြပါတယ်။

ကလော့ပ်ကို တွေ့ရစဉ်

ဒါပေမယ့် ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ အာဆင်ဝင်ဂါးကတော့ ဒီပြိုင်ပွဲမှာ ပါဝင်နေကြတဲ့ အသင်းတွေ၊ ကစားသမားတွေနဲ့ နည်းပြတွေဟာ ပြိုင်ပွဲအပေါ်မှာ အပြည့်အဝ  ထောက်ခံမှု ရှိတယ်လို့ ယုံကြည်နေတာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကနေပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲအများစုကို အိမ်ရှင်အဖြစ် ကျင်းပမယ့် အမေရိကန်နိုင်ငံမှာ ကွင်းအတွင်း အပူဒဏ်တွေကို ဖြေရှင်းပုံနဲ့ ကွင်းကို ပိုပြီးကောင်းမွန်အောင် ပြုလုပ်ဖို့လည်း သင်ယူဖို့ စီစဉ်ထားပါတယ်။ 

ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတွေဟာ အမေရိကန်နိုင်ငံရဲ့ အပူဒဏ်နဲ့ မြက်ခင်းပြင် ခြောက်သွေ့မှုကို ခံစားခဲ့ရတာပါ။

ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် နောက်ဆုံး ဗိုလ်လုပွဲ ကျင်းပဖို့သာ ကျန်ရှိတော့ပြီး ဗိုလ်လုပွဲအဖြစ် PSG နဲ့ ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 

Source: BBC