CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄

အင်တာမိုင်ယာမီအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပါလ်မီးရပ်စ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ၁၆ သင်းအဆင့်မှာ ဥရောပချန်ပီယံ PSG အသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲမှာ ပါလ်မီးရပ်စ်အသင်းကို ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။ 

အင်တာမိုင်ယာမီနဲ့ ပါလ်မီးရပ်စ်အသင်းတို့ဟာ သရေ ရလဒ်ကြောင့် ၂ သင်းစလုံး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပါလ်မီးရပ်စ်နဲ့ အင်တာမိုင်ယာမီအသင်းတို့ဟာ အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၅ မှတ်စီ တူညီနေပေမယ့် ဂိုးကွာခြားချက်ကြောင့် ပါလ်မီးရပ်စ်က အုပ်စုပထမ၊ အင်တာမိုင်ယာမီက အုပ်စုဒုတိယ ရရှိခဲ့တာပါ။ 

အင်တာမိုင်ယာမီအသင်းနဲ့ PSG ယှဉ်ပြိုင်နေစဉ်

အဲဒါကြောင့် ပါလ်မီးရပ်စ်အသင်းဟာ ၁၆ သင်းအဆင့်မှာ ဘရာဇီးလ်ပြိုင်ဘက် ဘိုတာဖိုဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အင်တာမိုင်ယာမီအသင်းက PSG အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်တဲ့ တစ်သင်းတည်း သော မေဂျာလိဂ်ကလပ်လည်း ဖြစ်ခဲ့တာပါ။ 

အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေယာနိုက “ကျနော်တို့အတွက် အလွန်ကောင်းမွန်တဲ့ပွဲဖြစ်ပြီး တောင်အမေရိ ကရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ကစားရတာဟာ ခက်ခဲပါတယ်။  နောက်တဆင့် တက်နိုင်ခဲ့ တာက မေဂျာလိဂ် ဘောလုံးအတွက် သမိုင်းဝင်ညပါ”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းနဲ့ PSG အသင်းတို့ရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်ကို ဇွန်လ ၂၉ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။  

Source: ESPN