CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀

မာဆေးလ်အသင်းပိုင်ရှင် ဖရန့်ခ်မက်ကော့က တိုက်စစ်မှူး ဂရင်းဝုဒ်ကို အသင်းမှာ ဆက်ထိန်းထားချင်ပြီး လာမယ့် ရာသီမှာ PSG အသင်းကို စိန်ခေါ်နိုင်အောင် ကြိုးစားဖို့ ပြောခဲ့ပါတယ်။ 

ဖရန့်ခ်မက်ကော့က “ဂရင်းဝုဒ် အပါအဝင် အဓိက ကစားသမားတွေကို ဆက်ထိန်းထားချင်တာက ကျနော့်ရဲ့ ဆန္ဒပါ။ ကျနော်က အားကစားဒါရိုက်တာ မဟုတ်သလို ဥက္ကဋ္ဌလည်း မဟုတ်ပါဘူး။ ကျနော့်ရဲ့ ရည်ရွယ်ချက် ကတော့ ပါဘလို၊ ဘီနာတီယာနဲ့ သူတို့ရဲ့အသင်းတွေကို ရေတို၊ အလယ်အလတ်နဲ့ ရေရှည်တွေမှာ အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက် အကောင်းဆုံး အခြေအနေမှာ ရှိအောင်ထားဖို့ပါ။ နာမည်ဖော်ပြခဲ့တဲ့ ကစားသမားတွေကို အသင်းမှာ ဆက်ထိန်းပြီး သူတို့ရဲ့ဝန်းကျင်မှာ အသင်းကို တည်ဆောက်သွားမယ်”လို့ JDD ကို ပြောခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းမှာ ဆက်ရှိချင် တဲ့ သူ့ရဲ့ဆန္ဒကို ပြောထားပေမယ့် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ အများအပြား ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

မာဆေးလ်အသင်းအတွက် ပွဲဦးထွက် ရာသီမှာ ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ရဲ့ စာချုပ်ဟာ ၄ နှစ် ကျန်ရှိနေသေးတာပါ။

ဆန္ဒပြသူနဲ့ ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်ပွားနေစဉ်

မာဆေးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ PSG အသင်းရဲ့နောက် အဆင့် ၂ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် မာဆေးလ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။ 

လက်ရှိအချိန်မှာ မာဆေးလ်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ရာဘီယော့၊ ဘယ်လာဒီ၊ ဂိုယူရီနဲ့ ဂရင်းဝုဒ် တို့ဟာ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

မာဆေးလ်အသင်း ပိုင်ရှင်ကတော့ သူတို့တွေကို အသင်းမှာ ဆက်ထိန်းသိမ်းမှာ ဖြစ်သလို လူစာရင်းကို ပိုပြီး အားကောင်းလည်း ပြုလုပ်ချင်နေတာပါ။ 

မာဆေးလ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လိုင်လီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ အိန်ဂျယ်လ် ဂိုးမက်စ်ကို ခေါ်ယူထားသလို အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန်ကို ခေါ်ယူဖို့လည်း ချိတ်ဆက်မှုတွေ ပြုလုပ် နေတာ ဖြစ်ပါတယ်။ 

Source: Goal