CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄

ဘင်ဖီကာအသင်းဥက္ကဋ္ဌ ရူအီကော်စတာက ချယ်လ်ဆီးအသင်းကနေ ဂျာအိုဖီးလစ်ကို ခေါ်ယူချင်ပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်အောင် ပြုလုပ်ဖို့ ငွေကြေး မတတ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ရူအီကော်စတာက “ဂျာအိုဖီးလစ်လို အရည်အသွေးရှိပြီး ထင်ပေါ်ကျော်ကြားတဲ့ ကစားသမားကို အသင်းထံ ပြန်ခေါ်နိုင်ရင် အားလုံးက နှစ်သက်ကြမှာဖြစ်ပြီး ဘင်ဖီကာ ပရိသတ်တွေလည်း နှစ်သက်ကြမှာပါ။ ဒါပေမယ့် ကစားသမားတွေဟာ အလွတ်မဟုတ်တဲ့အတွက် သူတို့ရဲ့ကလပ်အသင်းတွေနဲ့ အလွန်မြင့်မားတဲ့ စာချုပ်၊ အလွန် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေရှိ ပါတယ်။ အပြောင်းအရွှေ့နဲ့ လစာနှစ်ခုစလုံးမှာ ပါဝင်တဲ့ ပမာဏဟာ အလွန် မြင့်မားပါတယ်။ ဂျာအိုဖီးလစ်ဟာ ကောင်းမွန်တဲ့ ကစားသမား ဖြစ်ပေမယ့် သူ့ကိုမခေါ်ယူနိုင်မချင်း ဒါကဝေးကွာ နေမှာပါ”လို့ ပြောခဲ့တာပါ။ 

ပြီးခဲ့တဲ့နွေရာသီက အသလက်တီကိုအသင်းကနေ ပေါင် ၄၆.၃ သန်းနဲ့ ချယ်လ်ဆီးအသင်းကို ပြန်ပြောင်းရွှေ့လာ ခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ လန်ဒန်ကလပ်မှာ ဖလားပြိုင်ပွဲတွေသာ အဓိက ပါဝင်ကစားခဲ့ရပါတယ်။

 ဂျာအိုဖီးလစ်ကိုတွေ့ရစဉ်

အဲဒါကြောင့် ဂျာအိုဖီးလစ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အေစီမီလန်အသင်းထံ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ တာပါ။

ပေါ်တူဂီကစားသမားဟာ အေစီမီလန်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့အတွက် အီတလီကလပ်ဟာ သူ့ကိုအပြီးသတ် မခေါ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ 

ဂျာအိုဖီးလစ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရသလို အသင်းဟာ သူ့ရဲ့ကျောနံပါတ် ၁၄ ကို ကစားသမားသစ်ထံ လွှဲပြောင်းပေးခဲ့တာပါ။ 

အဲဒါကြောင့် ဂျာအိုဖီးလစ်ရဲ့ ချယ်လ်ဆီးအသင်း ကစားသမားဘဝဟာ ပြီးဆုံးသွားခဲ့ပြီလို့ သုံးသပ်နေကြပါတယ်။ 

ဂျာအိုဖီးလစ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ဘင်ဖီကာအသင်းထံ ပြန်သွားဖို့ ချိတ်ဆက်မှုတွေ ရှိနေတာပါ။ 

 ဂျာအိုဖီးလစ်ဟာ ဘင်ဖီကာအသင်းမှာ တစ်ရာသီကြာ ကစားပြီးနောက် ၂၀၁၉ ခုနှစ်မှာ အသလက်တီကိုအသင်း ထံ ပေါင် ၁၁၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

ဘင်ဖီကာအသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ သူတို့ရဲ့ ကစားသမားကို ပြန်ခေါ်ချင်နေပေမယ့် ငွေကြေး မတတ်နိုင်ဘူးလို့ ပြောခဲ့တာပါ။

ဂျာအိုဖီးလစ်ကိုခေါ်ယူဖို့ တူရကီကလပ် အသင်းအချို့က စိတ်ဝင်စားနေပြီး ကစားသမားဟာ အနားယူအပန်းဖြေမှု ပြုလုပ်ပြီးရင် သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ 

Source: Metro