CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄

အဲဗာတန်အသင်းဟာ ယူနိုက်တက်အသင်းမှာ ၅ ရာသီကြာ ကစားခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ်ကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

လာမယ့်ရာသီမှာ ကွင်းသစ် Hill Dickinson ကွင်းကို ပြောင်းရွှေ့ပြီး ကစားမယ့် အဲဗာတန်အသင်းဟာ သူတို့ရဲ့ လူစာရင်း အင်အားကို တောင့်တင်းအောင် ပြုလုပ်ဖို့အတွက် ဖရက်ဒ်ကို ခေါ်ယူချင်နေတာပါ။ 

ဖီနာဘာချီအသင်းဟာ ဖရက်ဒ်ကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိနေပြီး ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ရင် အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ 

ဖရက်ဒ်ဟာ တူရကီလိဂ်ထံ မပြောင်းရွှေ့မီ ယူနိုက်တက်အသင်းအတွက် ၂၁၃ ပွဲကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။ 

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုရဲ့လက်အောက်မှာ ကစားနေတဲ့ ဖရက်ဒ်ဟာ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ပြီး ကတည်းက ပွဲပေါင်း ၈၀ ကစားထားပြီး ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားပါတယ်။ 

ဖရက်ဒ်နဲ့ ဖီနာဘာချီအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိနေတာပါ။ အဲဗာတန်အသင်းဟာ နွေရာသီမှာ နည်းပြ ဒေးဗစ်မိုယက်စ် လိုချင်နေတဲ့ ကစားသမားအချို့ကို ခေါ်ယူပေးဖို့ရှိနေပြီး ဖရက်ဒ်ဟာ သူတို့ရဲ့ ဦးစားပေး ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။  

ဖရက်ဒ်ကိုတွေ့ရစဉ်

အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ကယ်လ်ဗတ်လီဝန်ဟာ အသင်းနဲ့စာချုပ်သစ် သဘောတူညီမှု မရရှိတာကြောင့် ထွက်ခွာဖွယ်ရှိနေတာပါ။ 

အင်္ဂလန်တိုက်စစ်မှူးဟာ အီတလီကလပ် အသင်းတွေထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပေမယ့် ရွေးချယ်စရာ အားလုံးကို စဉ်းစားမှုတွေ ပြုလုပ်သွားဖို့ရှိနေပါတယ်။ 

အဲဗာတန်အသင်းဟာ အသင်းခေါင်းဆောင် ကိုးလ်မန်းနဲ့ ဂွီယီတို့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပြီး ကယ်လ်ဗတ်လီဝန်၊ မိုက်ကယ်ကိန်းတို့ရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း ချိတ်ဆက်မှုတွေပြုလုပ်နေတာပါ။

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ 

Source: Dailymail