CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၈
မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းမှာ ဒီနေ့ခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ASEAN All Stars အသင်းတို့ပွဲစဉ်မှာ ASEAN All Stars အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ASEAN All Stars အသင်းအတွက် အနိုင်ဂိုးကို မြန်မာ့လက်ရွေးစင် ကစားသမား မောင်မောင်လွင်က သွင်းယူ ပေးခဲ့တာပါ။
မောင်မောင်လွင်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၅၀ ကျော်မှ လူစားလဲ ဝင်ရောက်လာခဲ့ပေမယ့် ပွဲချိန် ၇၁ မိနစ်မှာ ASEAN All Stars အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မောင်မောင်လွင်ဟာ ယူနိုက်တက်အသင်းဘက်ကို ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး မြန်မာကစားသမားလည်း ဖြစ်လာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နောက်ထပ် ခြေစမ်းပွဲအဖြစ် မေလ ၃၀ ရက်မှာ ဟောင်ကောင်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။