၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃

ရက်ဘူးလ် ကားမောင်းသမား ဗာစတန်ပန် ဟာ အခုနှစ် ဖော်မြူလာဝမ်း ရာသီနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဘူဒါဘီ ဂရမ်းပရီပြိုင်ပွဲမှာ အနိုင်ရပြီး ကစားသမားဘဝ ပထမဆုံး ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဗာစတန်ပန်ဟာ နောက်ဆုံးပွဲမှာ လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်တဲ့ မာစီဒီးစ် ကားမောင်းသမား ဟာမီလ်တန်နဲ့ အကြိတ် အနယ်ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးလမ်းကြောင်းမှာ အနိုင်ရရှိကာ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ဟာမီလ်တန်ရဲ့ ကြီးစိုး နေမှုကို အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဗာစတန်ပန် ဟာ ဒီပွဲမှာ (၁)နာရီ မိနစ်(၃၀) (၁၇ ဒသမ ၃၄၅)စက္ကန့်နဲ့ ဟာမီလန်တန်ထက် အနည်းငယ်အသာ ရပြီး ပန်းဝင်နိုင်ခဲ့တာပါ။ အဲဒါကြောင့် တစ်ရာသီလုံး ရမှတ်ပေါင်း (၃၉၅ ဒသမ ၅)မှတ်နဲ့ ကမ္ဘာ့ချန်ပီယံဆုကို ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။ ဗြိတိန်ကားမောင်းသမား ဟာမီလ်တန် ကတော့ ဗာစတန်ပန်ထက် (၈)မှတ် လျော့နည်းကာ ဒုတိယနဲ့သာ ကျေ နပ်ခဲ့ရတာပါ။ ဗာစတန်ပန်ဟာ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်တဲ့ ပထမဆုံး နယ်သာလန်ကစားသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဗာစတန်ပန်ဟာ နောက်ဆုံးပတ်လမ်းမှာ Safety Car ကို မောင်းနှင်ပြီး ဟာမီလ်တန်ကို ကျော်ဖြတ်ကာ ချန်ပီယံ ဆုကို ရယူနိုင်ခဲ့တဲ့အပေါ်မှာ မာစီဒီးစ်အသင်းက မကျေမနပ်ဖြစ်ကာ ဖော်မြူလာဝမ်းကို အယူခံဝင်ဖို့ စီစဉ်နေ ပါတယ်။ မာစီဒီးစ်အသင်းဟာ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်တဲ့ရလဒ်နဲ့ ချန်ပီယံဆုပေးခဲ့တဲ့အပေါ်မှာ စောဒက နှစ်ခုတက်ခဲ့ပြီး ဖော်မြူလာဝမ်းတာဝန်ရှိတဲ့ သူတွေက ပယ်ချခဲ့တာပါ။ မာစီဒီးစ်အသင်းဟာ အဲဒီထဲက တစ်ခုကို အယူခံဝင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ မာစီဒီးစ်အသင်းမှ ပြိုင်ပွဲ ဒါရိုက်တာဖြစ်သူ မာစီက စည်း မျဉ်းစည်းကမ်းတွေ ကို မှန်ကန်စွာ မကျင့်သုံးခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ဖော်မြူလာဝမ်း တာဝန်ရှိတဲ့သူတွေက မာစီ ဟာ အခြားစည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ဖို့ အခွင့်အာဏာ ပေးခဲ့တယ်လို့ ပြောထားတာဖြစ်ပါတယ်။ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဗာစတန်ပန်က ရက်ဘူးလ်အသင်းမှာ တစ်သက်လုံး ရှိသွားချင်တယ်လို့ ပြောပါတယ်။

ဗာစတန်ပန် က “ကျနော် အလွန်ပျော်ပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်က အားလုံးစုပေါင်းလက်တွဲပြီး ဒီ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ပါပဲ။ ကျနော် သူတို့တွေကို ချစ်တယ်ဆိုတာ ကျနော့်အသင်းက သိပါတယ်။ နောက် ထပ် (၁၀) နှစ် (၁၅) နှစ်လောက် အတူလက်တွဲလုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီမှာပဲ တသက်လုံး ရှိသွားချင်တယ်”လို့ ပြောခဲ့ပါတယ်။

ဟာမီလ်တန်ကလည်း ချန်ပီယံဖြစ်ခဲ့တဲ့ ဗာစတန်ပန်ကို ချီးကျုးရင်း သူ့အသင်းကိုလည်း ဂုဏ်ယူကြောင်း ပြော သွားခဲ့ပါတယ်။ ဟာမီလ်တန် က “ပထမဆုံးအနေနဲ့ မတ်ဇ်နဲ့ သူ့အသင်းကို ဂုဏ်ပြုချင်ပါတယ်။ ဒီနှစ်မှာ ကျနော်တို့ အံအားသင့်စရာကောင်းတဲ့ အလုပ်ကိုလုပ်ခဲ့တယ်လို့ ထင်ပါတယ်။ အသင်းမှာရှိတဲ့ အမျိုးသားရော အမျိုးသမီးရော ပါ ခက်ခဲတဲ့ရာသီမှာ တစ်နှစ်ပတ်လုံးအလုပ်ကို ကြိုးစားခဲ့ကြပါတယ်။ သူတို့အတွက်ဂုဏ်ယူမိပါတယ်။ ကျနော်တို့ ဘယ်တော့မှမရှုံးပါဘူး။ အဲ့ဒါ အရေးအကြီးဆုံးပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

Sourc: BBC