CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇

ဒဏ်ရာပြဿနာကြောင့် အနားယူနေခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် အသင်းနောက်ခံလူ ဗာရန်းဟာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဗာရန်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာအောင် ကြုးစားနေတာဖြစ်ပြီး ပရီးမီးယား လိဂ်ရဲ့တင်းမာမှုတွေကို လိုက်လျောညီထွေ ဖြစ်အောင်လုပ်ဖို့ခက်ခဲတယ်လို့ ဝန်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ရီးရယ်လ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗာရန်းဟာ ဒဏ်ရာပြဿနာတွေကြောင့် နိုဝင်ဘာလအစကတည်းက အသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

ဗာရန်းဟာ ပြင်သစ်လက်ရွေးစင်အတွက် ကစားရင်း ပေါင်ခြံဒဏ်ရာရခဲ့တာကြောင့် အသင်းရဲ့ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ ပြင်သစ်ကစားသမားဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး အသင်းအတွက် ပြန်ကစားခဲ့ရာ အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ ဗာရန်း ကတော့အသင်းကို ပြန်လည်ကူညီနိုင်ဖို့အတွက် မကြာခင်အချိန်မှာ လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ဖို့ မျှော်လင့် နေတာပါ။

ဗာရန်းက “ကျနော် အလုပ်ကိုကြိုးစားပြီးလုပ်နေပါတယ်။ ခင်ဗျားတို့သိလား၊ ဘောလုံးသမားဆိုတာ ဖော်မြူလာ ဝမ်းက ကားတွေလိုပဲ။ အဲ့ဒါကြောင့် တခါတလေမှာ မော်တာကို မြှင့်တင်နိုင်ဖို့အတွက် တစ်ခုခုကို ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ကြီးမားတဲ့ခြားနားချက်၊ ကြီးမားတဲ့အပြောင်းအလဲဖြစ်တဲ့အတွက် အနည်းငယ်တော့ ပြောင်းရမယ် ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဗာရန်းက “အလုပ်က မတူတဲ့အတွက် လိုက်လျောညီထွေဖြစ်အောင်လုပ်ရပါမယ်။ အဲ့ဒါကို သိတဲ့ အတွက် ဖြစ်နိုင်သမျှ မြန်မြန်နဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးနေပါတယ်။ ဒါဟာကြီးမားတဲ့အလုပ်ဆိုတာ သိပေမယ့် တိုးတက်အောင်ကြိုးစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အသင်းကိုကူညီဖို့ ပြန်လာရမှာဖြစ်တဲ့အတွက် အလွန်စိတ်လှုပ်ရှား ပျော်ရွှင်နေပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗာရန်းမပါဝင်နိုင်တဲ့ ပွဲတွေမှာ အသင်းရဲ့ခံစစ်ပိုင်းဟာ ဆိုးဝါးခဲ့ပြီး လက် စတာ၊ လီဗာပူးလ်၊ မန်စီးတီးနဲ့ ဝက်ဖိုဒ့်အသင်းတွေကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားကို ထုတ်ပယ်ပြီး ချိန်မှာ အသင်းရဲ့ရလဒ်ပိုင်းတွေဟာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ချယ်လ်ဆီးကို သရေ၊ အာဆင်နယ်၊ ဗီလာ ရီးရယ်လ်နဲ့ပဲလေစ့်အသင်းတို့ ပွဲစဉ်တွေမှာ နိုင်ပွဲတွေရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Source: metro