CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
လက်စတာအသင်းဟာ ဘရန်ဖို့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆိုးရွားတဲ့ စံချိန်သစ်ကို ရရှိသွားခဲ့ပါတယ်။
လက်စတာအသင်းဟာ နည်းပြနစ္စတယ်ရွိုင်း လက်အောက်မှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေပြီး ဘရန်ဖို့ဒ် အသင်းကို အရေးနိမ့်ခဲ့တာ အပါအဝင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အိမ်ကွင်း ၆ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ အရေးနိမ့်ခဲ့တာပါ။
လက်စတာအသင်းဟာ အင်္ဂလန်ထိပ်တန်းလိဂ် သမိုင်းမှာ တစ်ရာသီအတွင်း ဒီလိုမျိုးဆိုးရွားတဲ့ ရလဒ်ကို ရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
လက်စတာအသင်း ပရိသတ်တွေဟာ ရလဒ်တွေ ဆိုးရွားနေတဲ့ အသင်းအပေါ် အလွန်စိတ်ပျက်နေကြတာပါ။
လက်စတာအသင်းကို တွေ့ရစဉ်
နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းကို ရလဒ်ကောင်းတွေ ရယူပေးနိုင်ဖို့ ခက်ခဲနေတာကြောင့် သူဟာ ဖိအားတွေကို ခံစားနေရပြီး ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းကတော့ ပြန်လည်သုံးသပ်မှုတွေပြုလုပ်ပြီး လာမယ့်ပွဲတွေအတွက် စုပေါင်းလက်တွဲကာ ဆက်ပြီး လုပ်ဆောင်ရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
လက်စတာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၁၀ ပွဲအထိ အရေးနိမ့်ခဲ့တာပါ။
လက်စတာအသင်းဟာ ဘရန်ဖို့ဒ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၉ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁၇ နေရာက ဝုလ်ဗ်စ်အသင်းနဲ့ ၂ မှတ်ကွာဟနေပါတယ်။
လက်စတာအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေအဖြစ် ဝက်စ်ဟမ်း၊ ချယ်လ်ဆီး၊ ယူနိုက်တက်အသင်း တို့နဲ့ ကစားရမှာဖြစ်လို့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်ခဲဦးမှာဖြစ်ပါတယ်။
Source: Metro