CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆
အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေယာနိုက ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက သူဟာ အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမား(GOAT)ဖြစ်တယ်လို့ ပြောဆိုမှုကို တုန့်ပြန်ခဲ့ပါတယ်။
မာရှေယာနိုက “ဒါတွေက ထင်မြင်ချက်တွေပါ။ ကျနော်ဟာ ရော်နယ်ဒိုကို လေးစားမှု အများကြီးရှိပြီး သူ့ရဲ့ ထင်မြင်ချက်ကို သုံးသပ်ဖို့ မလိုပါဘူး။ ဒါတွေက သူ့ရဲ့ထင်မြင်မှုပါ။ ကျနော်တို့မှာ ကိုယ်ပိုင်အတွေးအမြင်ရှိပြီး ဒါက မဟုတ်ပါဘူး။ တခြားတော့ ဘာမှမရှိပါဘူး”လို့ BBC Match of the Day ရဲ့မေးမြန်းမှုကို ဖြေခဲ့တာပါ။
ရော်နယ်ဒိုနဲ့ မက်ဆီတို့အကြားမှာ GOAT ပြောဆိုမှုဟာ နှစ်ပေါင်းများစွာ ကြာရှိနေခဲ့တာဖြစ်ပါတယ်။
မာရှေယာနိုကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူက မက်ဆီ၊ မာရာဒိုနာ၊ ပီလီတို့ထက် ပြီးပြည့်စုံတဲ့ အကောင်းဆုံး ဘောလုံးသမား ဖြစ်တယ်လို့ ပြောခဲ့တာပါ။
အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုက သူဟာ ခြေထောက်နှစ်ဖက်စလုံးနဲ့ ဂိုးသွင်းနိုင်ကြောင်း၊ မြန်ပြီး သန်မာသလို ခုန်တဲ့နေရာမှာလည်း ကောင်းမွန်တဲ့သူ ဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ဒီပြောဆိုမှုဟာ ဝေဖန်မှုတွေ အများကြီးရှိခဲ့သလို သူ့ကိုအားပေးကြတဲ့ ပရိသတ်တွေကလည်း ထောက်ခံခဲ့ကြတာပါ။
မာရှေယာနိုကတော့ သူ့အတွက် GOAT ဟာ ဘာစီလိုနာနဲ့ အာဂျင်တီးနား အသင်းဖော်ဟောင်းဖြစ်တဲ့ မက်ဆီလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
မာရှေယာနိုဟာ လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းကို ရာသီကြို ခြေစမ်းပွဲတွေအတွက် ပြင်ဆင်နေပြီး ခြေစမ်းပွဲ ၃ ပွဲ ကစားထားတာမှာ ၁ ပွဲကို ပွဲချိန်အတွင်း အနိုင်ရရှိခဲ့ပြီး ကျန် ၂ ပွဲကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ နောက်ထပ် ခြေစမ်းပွဲအဖြစ် ဖေဖော်ဝါရီ ၉ ရက်မှာ အိုလင်ပီယာအသင်းနဲ့ ဟွန်ဒူးရပ်စ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: Goal