CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၈

ပီအက်စ်ဂျီအသင်းဟာ နာပိုလီအသင်း တောင်ပံကစားသမား ကာဗီချာကို ခေါ်ယူမှုအပြီးသတ်ပြီး အပြောင်းအရွှေ့ ကြေညာခဲ့ပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ ကာဗီချာအတွက် နာပိုလီအသင်းကို ယူရိုသန်း ၆၀ ထပ်တိုးပေးချေမှု ယူရို ၁၀ သန်း ပေးချေရမှာဖြစ်ပြီး ၂၀၂၉ ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ခဲ့ပါတယ်။ 

ဂျော်ဂျီယာ လက်ရွေးစင် ကစားသမားဟာ အခုဇန်နဝါရီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်း ခေါ်ယူတဲ့ ပထမဆုံး ကစားသမားဖြစ်ပြီး ပြင်သစ်ကလပ်ဟာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့ အသင်းရဲ့တိုက်စစ်ပိုင်းကို ထပ်ပြီးအားဖြည့်ခဲ့တာပါ။ 

ကာဗီချာက “ဒီမှာရှိနေရတာက အိပ်မက်တစ်ခုပါပဲ။ ပီအက်စ်ဂျီနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ အရာတွေ အများကြီး ကြားခဲ့ရပါတယ်။ ဒီအသင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်”လို့ ပြောခဲ့ပါတယ်။ 

ကာဗီချာကို တွေ့ရစဉ်

ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ လီဗာပူးလ်၊ ယူနိုက်တက်၊ ဘာစီလိုနာအသင်း အပါအဝင် ဥရောပထိပ်တန်း ကလပ်တွေနဲ့ ချိတ်ဆက်ခံမှုတွေခံခဲ့ရတဲ့ ကာဗီချာနဲ့ နာပိုလီအသင်းတို့ဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်ရှိနေခဲ့တာပါ။ 

နာပိုလီအသင်းဟာ ကာဗီချာကို စာချုပ်သက်တမ်း တိုးချင်ပေမယ့် သူကငြင်းဆန်ခဲ့ပြီး အခုအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 

ကာဗီချာဟာ နာပိုလီအသင်း နှစ်ပေါင်း ၃၃ နှစ်အကြာမှ ပထမဆုံး စီးရီးအေဖလား ရယူနိုင်ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။ 

ကာဗီချာဟာ ဒီရာသီမှာ နာပိုလီအသင်းအတွက် ၁၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၅ ဂိုးသွင်းယူခဲ့တာ အပါအဝင် ပြိုင်ပွဲစုံ ၁၀၇ ပွဲ ပါဝင်ကစားခဲ့ကာ သွင်းဂိုး ၃၀ သွင်းယူနိုင်ခဲ့ပါတယ်။ 

အသက် ၂၃ နှစ်အရွယ်ရှိ ကာဗီချာဟာ လန်းစ်အသင်းနဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်တာဖြစ်ပါတယ်။ 

Source: ESPN