CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇

အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ချ်ဂျီးဆပ်စ်က တိုက်စစ်မှူးနေမာကို ဆော်ဒီပရိုလိဂ်ရာသီ ဒုတိယရာသီဝက် အတွက် လူစာရင်းထဲ စာရင်းမသွင်းဘူးလို့ အတည်ပြုခဲ့ပါတယ်။ 

ဂျော့ချ်ဂျီးဆပ်စ်က “နေမာကို ဆော်ဒီပရိုလိဂ် ပြိုင်ပွဲအတွက် အသင်းလူစာရင်းထဲ စာရင်းသွင်းမှာ မဟုတ်ပါဘူး။ သူဟာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ပါတယ်။ ဆော်ဒီလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်တွေထဲက တစ်ခုဖြစ်ပြီး အယ်လ်ဟီလယ် ကစားသမားတွေဟာ ဥရောပမှာရှိတဲ့ ဘယ်အသင်းမှာမဆို ကစားနိုင်ပါတယ်။ နေမာဟာ ကျနော်တို့ သွားနေတဲ့ အဆင့်မှာ မကစားနိုင်ပါဘူး။ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့က သူ့အပေါ်မှာ မူတည်သလို အသင်းကို အုပ်ချုပ်တဲ့ သူတွေအပေါ်မှာလည်း မူတည်တယ်”လို့ ပြောခဲ့တာပါ။ 

နေမာဟာ အယ်လ်ဟီလယ်အသင်းကို ရောက်ရှိလာပြီးကတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး လက်ရှိ အချိန် အထိ ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ 

နေမာဟာ အယ်လ်ဟီလယ်အသင်းနဲ့အတူ ဆော်ဒီပရိုလိဂ်ရာသီ ဒုတိယရာသီဝက်မှာ ပါဝင်ကစားနိုင်ဖို့ ရည်မှန်း ထားပေမယ့် နည်းပြရဲ့ပြောဆိုမှုကြောင့် သူဟာ အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာသာ ပါဝင်ကစားလို့ ရရှိမှာဖြစ်ပါ တယ်။

နေမာကို တွေ့ရစဉ်

နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပေမယ့် နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့် ရှိနေတာပါ။ 

လက်ရှိအချိန်မှာ နေမာကို ခေါ်ယူဖို့ မေဂျာလိဂ် ကလပ်တွေနဲ့ ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းက ပစ်မှတ်ထားနေပြီး ကစားသမားအနေနဲ့ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ရဖို့ရှိနေတာ ဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်အသင်းဟာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်ထားပြီးဖြစ်သလို ဗိုလ်လုပွဲအထိ တက်နိုင်မယ်ဆိုရင် နေမာအနေနဲ့ အယ်လ်ဟီလယ်အသင်းအတွက် အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲအများအပြား ပါဝင်ကစားရဖို့ ရှိနေတာပါ။

ဒါအပြင် အယ်လ်ဟီလယ်အသင်းဟာ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ခွင့် ရရှိထားပါတယ်။ 

အယ်လ်ဟီလယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်ဖာတက်အသင်းကို ၉ ဂိုး-ဂိုး မရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

Source: Goal