CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈

အေစီမီလန်အသင်းဟာ ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရှ်ဖိုဒ့်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာကြောင့် ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ အီတလီကလပ်တို့ဟာ ဆွေးနွေးမှု တွေပြုလုပ်ခဲ့ကြပါတယ်။

ရက်ရှ်ဖိုဒ့်ဟာ စိန်ခေါ်မှုအသစ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပြီးနောက် အေစီမီလန်အသင်းဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း အခုလအစောပိုင်းမှာ ထုတ်ဖော်ခဲ့တာပါ။ 

ရက်ရှ်ဖိုဒ့်ရဲ့အစ်ကိုနဲ့ အေးဂျင့်ဖြစ်သူဟာ အီတလီစူပါဖလားချန်ပီယံ အေစီမီလန်အသင်းနဲ့ အင်္ဂါနေ့က မီလန်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ရက်ရှ်ဖိုဒ့်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အေစီမီလန်အသင်းနဲ့ နောက်ထပ်ဆွေးနွေးမှုတွေ ထပ်ပြုလုပ်သွားဖို့ရှိနေတာပါ။

ဒေါ့မွန်၊ဂျူဗင်တပ်စ်နဲ့ ဂါလာတာစာရေးအသင်းတို့ကလည်း ရက်ရှ်ဖိုဒ့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ 

အေစီမီလန်အသင်းဟာ ဒီရာသီမှာ သွင်းဂိုးတွေရယူနိုင်ဖို့ ရုန်းကန်နေရပြီး စီးရီးအေအမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေတာပါ။ 

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖိုဒ့်ကို ပေါင်သန်း ၄၀ နဲ့ ရောင်းချဖို့ ဆန္ဒရှိနေပေမယ့် သူ့ရဲ့တစ်ပတ်လုပ်ခပေါင် ၃၂၅,၀၀၀ ဟာ သူ့ကိုခေါ်ယူချင်တဲ့ အသင်းတွေအတွက် အတားအဆီးလို ဖြစ်နေပါ တယ်။ 

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖိုဒ့်အတွက် အပြီးသတ်ဝယ်ယူမှုပါဝင်မယ့် အငှားကမ်းလှမ်းမှုတွေကိုလည်း စဉ်းစားသွားမှာဖြစ်ပြီး အသင်းအများအပြားက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။ 

ရက်ရှ်ဖိုဒ့်ဟာ လုပ်ခ လစာအများအပြားနဲ့ ကမ်းလှမ်းထားတဲ့ ဆော်ဒီရဲ့ကမ်းလှမ်းမှုတွေကို ပယ်ချထားသလို တူရကီလိဂ်ကိုလည်း ပြောင်းရွှေ့ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ 

ရက်ရှ်ဖိုဒ့်ဟာ ဝေးကွာနေတဲ့ အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့ ဥရောပထိပ်သီးလိဂ်တွေမှာပဲ ဆက်ပြီးကစားချင်နေတာပါ။ 

ရက်ရှ်ဖိုဒ့်ဟာ ပါလ်ဇန်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ပြီးကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ခွင့် မရရှိတော့ ဘဲ ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ဖျားနာမှုကြောင့် မပါဝင်နိုင် ခဲ့တာဖြစ်ပါတယ်။ 

Source:DailyMail