CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၃
ဘရာဇီးလ်ဂိုးသမား အလီဆွန်ဟာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပေမယ့် လာမယ့်အပတ် ရီးရယ်လ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ပြောခဲ့ပါတယ်။
အာနီဆလော့က “ကျနော်တို့ဟာ လူတိုင်းကို သတိထား ဂရုစိုက်နေရပြီး အထူးသဖြင့် ကြွက်သားဒဏ်ရာ ရထားတဲ့သူတွေပါ။ အလီဆွန်ဟာ ဂိုးနည်းပြနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေပေမယ့် အသင်းနဲ့တော့ လေ့ကျင့်မှုတွေ မပြုလုပ်ရသေးပါဘူး။ သူဟာ ပိုကောင်းသထက်ပိုကောင်းလာနေပေမယ့် တနင်္ဂနွေနေ့မှာကစားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ပြီးတော့ အလီဆွန်ကို ရီးရယ်လ်နဲ့ကစားမယ့်ပွဲမှာ ပါဝင်နိုင်ဖို့ ကျနော်မမျှော်လင့်ထားပါဘူး”လို့ ပြောခဲ့တာပါ။
အလီဆွန်ဟာ ပြီးခဲ့တဲ့လက ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိပြီးကတည်းက လီဗာပူးလ်အသင်းအတွက် ပါဝင်နိုင်ခြင်းမရှိသေးပါဘူး။
အလီဆွန်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ သက်သာလာပြီး တစ်ဦးချင်း လေ့ကျင့်မှုတွေပြုလုပ်နေပေမယ့် နည်းပြ အာနီဆလော့ကတော့ သူ့ကို အလျင်စလိုအသုံးပြုဖို့ အစီအစဉ်မရှိတာပါ။
အလီဆွန်ကို တွေ့ရစဉ်
အလီဆွန် မပါဝင်နိုင်ချိန်မှာ လီဗာပူးလ်အသင်းဂိုးပေါက်ကို တာဝန်ယူနေရတဲ့ ကယ်လယ်ဟာကလည်း အသင်းအတွက် အကောင်းဆုံးလက်စွမ်းတွေကို ပြသနေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ နည်းပြ အာနီဆလော့ လက်ထက်မှာ အကောင်းဆုံးရလဒ်တွေ ရရှိထားပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။
လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ပြီးရင် ပွဲကြီးပွဲကောင်းတွေ ဆက်တိုက်ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
လီဗာပူးလ်အသင်းဟာ ကြားရက်မှာ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ်၊လာမယ့်အပတ်မှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: goal