CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅

အီတလီလူမျိုးနည်းပြ မန်ချီနီဟာ ဆော်ဒီအသင်းကို နည်းပြအဖြစ် ၁၄ လကြာ ကိုင်တွယ်ပြီးနောက် နည်းပြရာထူး ကနေ ထွက်ခွာခဲ့ပါတယ်။ 

မန်ချီနီဟာ ၂၀၂၃ ခုနှစ်က ဆော်ဒီအသင်း နည်းပြရာထူးအတွက် ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့ပေမယ့် စာချုပ်အဆုံး သတ်ဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့တယ်လို့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့တာပါ။ 

ဆော်ဒီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့် အုပ်စုပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၅ မှတ်နဲ့ အဆင့် ၃ နေရာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်ချီနီဟာ ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာလည်း ဆော်ဒီအသင်းကို ၁၆ သင်းအဆင့် ထိရောက်အောင်သာ ပို့ဆောင်ပေးနိုင်ခဲ့ပြီး အောင်မြင်မှု ရယူပေးနိုင်ခဲ့ခြင်းမရှိတာပါ။ 

မန်ချီနီဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲထံ နာမည်ကြီး ကစားသမားတွေ ရောက်ရှိလာမှုကြောင့် ပြည်တွင်း ကစားသမား တွေ နေရာမရတာက နိုင်ငံအသင်းအပေါ် သက်ရောက်မှုရှိတယ်လို့ ထုတ်ပြောထားဖူးပါတယ်။ 

မန်ချီနီကို တွေ့ရစဉ်

ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ မန်ချီနီရဲ့နေရာ ဆက်ခံမယ့်သူကို လာမယ့် ရက်အနည်းငယ်အတွင်း ခန့်အပ်သွား မယ်လို့လည်း အတည်ပြုထားတာပါ။ 

ဆော်ဒီဘောလုံးအဖွဲ့ချုပ်အနေနဲ့ နိုင်ငံအသင်းအတွက် နောက်ထပ် နာမည်ကြီးနည်းပြတစ်ဦး ထပ်မံခန့်အပ် မလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမ သိရသေးပါဘူး။ 

ဆော်ဒီအသင်းဟာ ပြီးခဲ့တဲ့ ခြေစစ်ပွဲ ၄ ပွဲမှာ တရုတ်အသင်းကိုသာ အနိုင်ရခဲ့ပြီး အင်ဒိုနီးရှားနဲ့ ဘာရိန်းအသင်းကို သရေ၊ ဂျပန်အသင်းကို အရေးနိမ့်ခဲ့တာပါ။ 

ဆော်ဒီအသင်းအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရဖို့အတွက် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ 

ဆော်ဒီအသင်းဟာ လာမယ့် နိုဝင်ဘာမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် သြစတြေးလျ၊ အင်ဒိုနီးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal