CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁

မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင်က ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ ချင် တယ်လို့ အသင်းကို ပြောလိုက်ပြီ ဖြစ်ပါတယ်။

စတာလင်ဟာ နည်းပြ ဂွာဒီယိုလာ လက်အောက်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် စိန်ခေါ်မှုအသစ်တွေ ရယူချင် တယ်လို့ ဝန်ခံထားတာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကလည်း တိုက်စစ် ကစားသမားတွေ ဒဏ်ရာပြဿနာတွေ ကြောင့် စတာလင်ကို အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ စတာလင်ရဲ့ လစာပေးချေဖို့ အခက်အခဲတော့ ရှိနေနိုင်တာ ဖြစ်ပါတယ်။ 90min က စတာလင်ဟာ ဂွာဒီယိုလာရဲ့ အစီအစဉ်တွေကို ပြန်တွန်းလှန်နိုင်အောင် လုပ်ဖို့ မမျှော်လင့်ထားတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကို ကနဦး အငှားနဲ့ ပြောင်းရွှေ့ဖို့ မန်စီးတီးအသင်းကို အသိပေးထားပြီး ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

မန်စီးတီးအသင်းကလည်း စတာလင် အသင်းက ထွက်ခွာမယ့် အစီအစဉ်ကို တားဆီးဖို့ အစီအစဉ်မရှိဘူးလို့ 90min သတင်း မှာ ဖော်ပြခဲ့တာပါ။

ပုံ-စတာလင်ကိုတွေ့ရစဉ်။ (Independent Newspaper Nigeria)

စတာလင်ဟာ ဘာစီလိုနာအသင်းရဲ့ ဂျာစီကို ဝတ်ဆင်မယ့် အခွင့်အရေးကောင်းကို လက်မလွှတ် ခံချင်နေတာလည်း ဖြစ်ပါ တယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဂရီလစ်ရှ်ကို ခေါ်ယူခဲ့ပြီးနောက် စတာလင်ဟာ ပွဲကစားခွင့် ပျောက်ဆုံး သွားခဲ့ရတာပါ။

အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ဒီရာသီမှာ မန်စီးတီးအတွက် ၁၅ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူကာ ၂ ဂိုး ဖန်တီး ပေးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ စတာလင်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲသာ ပွဲစတည်းက ပါဝင်ခွင့်ရခဲ့တာလည်း ဖြစ်ပါ တယ်။

၂၀၁၅ ခုနှစ်က လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ စတာလင်ဟာ မန်စီးတီးအတွက် ပွဲပေါင်း ၃၀၇ ပွဲ ပါဝင်ကစားထားပြီး ၁၁၆ ဂိုး သွင်းယူထားတာလည်း ဖြစ်ပါတယ်။ စတာလင်ဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ကာရာဘောင်းဖလား ၄ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ်တို့ကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source:Sportmole.co.uk