CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆

မာဆေးလ်အသင်းဟာ ပြင်သစ်ကွင်းလယ်လူ ရာဘီယော့ကို ခေါ်ယူဖို့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့တဲ့ ဇူလိုင်လကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ ရာဘီယော့ဟာ မကြာခင်မှာ ဆေးစစ်မှုတွေခံယူကာ မာဆေးလ်အသင်းထံ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ရှိနေတာပါ။

ပြင်သစ်အသင်းအတွက် ၄၈ ပွဲ ပါဝင်ကစားထားတဲ့ ရာဘီယော့ဟာ ၂၀၁၉ ခုနှစ်က ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် ဂျူဗင်တပ်စ်အသင်းမှာ ၅ နှစ်ကြာ ကစားခဲ့တာ ဖြစ်ပါတယ်။ 

ရာဘီယော့ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေဖလား အပါအဝင် ပြည်တွင်းဖလားအားလုံးကို ရယူနိုင်ခဲ့တာပါ။ 

အသက် ၂၉ နှစ်အရွယ်ရှိ ကစားသမားဟာ ယူနိုက်တက်အသင်း အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ အသင်းဟောင်း ပီအက်စ်ဂျီအသင်းရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ မာဆေးလ် အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ရာဘီဘော့ကို တွေ့ရစဉ်

ပြင်သစ်သတင်းတွေမှာတော့ ရာဘီယော့ဟာ မာဆေးလ်အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်မယ်လို့ ဖော်ပြထားတာပါ။ 

မာဆေးလ်အသင်းဟာ ဒီရာသီ နည်းပြ ဒီဇာဘီလက်အောက်မှာ ဂရင်းဝုဒ်၊ မော်ပေးနဲ့ ဟော့ချ်ဘတ်တို့ကို ခေါ်ယူ ထားတာ ဖြစ်ပါတယ်။ 

မာဆေးလ်အသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိထားပြီး ပြင်သစ်လီဂူး-၁ ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ၁၀ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။ 

မာဆေးလ်အသင်းဟာ လာမယ့် ပြင်သစ်လီဂူး-၁ ပွဲစဉ်အဖြစ် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC