CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀
လီဗာပူးလ် အသင်းဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား ဘတ်ပီကို တခြားအသင်းတွေနဲ့ အပြိုင်ခေါ်ယူ နိုင်ဖို့ အတွက် တစ်နှစ်လုပ်ခလစာ ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘတ်ပီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ရီးရယ်လ်အသင်းကို ရောက်ရှိသွားနိုင်တဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့် ရီးရယ်လ်အသင်းကပေးတဲ့ ပြောင်းရွှေ့ကြေးကို ပီအက်စ်ဂျီအသင်းက လက်မခံခဲ့တာကြောင့် အပြောင်း အရွှေ့ မဖြစ်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင် ကစားသမားဟာ လက်ရှိအချိန်ထိ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း မတိုးရသေးတာကြောင့် အခု ရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ရမှာ ဖြစ်ပါတယ်။ ဘတ်ပီကို ခေါ်ယူဖို့ ရီးရယ်လ်အသင်းက ရေပန်း အစားဆုံးအဖြစ် ရှိနေတာပါ။
ပုံ-ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားရခဲ့တဲ့ ဘတ်ပီကိုတွေ့ရစဉ်။ (Goal)
ဒါပေမယ့် လီဗာပူးလ် အသင်းကလည်း ဘတ်ပီကို ခေါ်ယူလို့ရမယ့် အခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ပဲ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားကို တစ်နှစ်လုပ်ခလစာ ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်း ဖို့ ပြင်ဆင်နေတယ်လို့ Defensa Central သတင်းက ဖော်ပြခဲ့တာပါ။
ဘတ်ပီကတော့ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ချင်နေပေမယ့် အခြေအနေအပေါ် မူတည်ပြီး အပြောင်းအလဲ တွေကလည်း ဖြစ်သွားနိုင်ပါတယ်။ ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူကာ ၁၁ ဂိုး ဖန်တီးထား နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြင်သစ် ကစားသမားဟာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင် ပွဲစုံ ၁၈၇ ပွဲမှာ ၁၃၉ ဂိုး သွင်းယူပြီး ၇၂ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တာပါ။
ပီအက်စ်ဂျီနဲ့ ဘတ်ပီတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ ဟာ ဆွေးနွေးမှုတွေ ပြုလုပ်လို့ရမှာဖြစ်ပြီး အကြိုစာချုပ်ပါ ချုပ်ဆိုလို့လည်း ရပါတယ်။ ပီအက်စ်ဂျီ အသင်းကတော့ ဘတ်ပီနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှု မရသေးပေမယ့် ကစားသမားဟာ အသင်းမှာ ဆက်ရှိနေနိုင်မယ်လို့ ယုံ ကြည်နေတာ ဖြစ် ပါတယ်။
Source:Sportmole.co.uk