ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား နေမာက Oh My Goal နဲ့ အင်တာဗျူး ပြုလုပ်ရာမှာ ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ အတွက် ခန့်မှန်းမှုကို သတ္တိရှိရှိနဲ့ ပြောသွားပြီး အာမခံမှု ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလ် တိုက်စစ် ကစားသမားဟာ Oh My Goal နဲ့ အင်တာဗျူး ပြုလုပ်ရာမှာ ပီအက်စ်ဂျီအသင်းမှာ မက်ဆီ၊ ဘတ်ပီနဲ့ သူတို့ရဲ့ အကောင်းဆုံး တိုက်စစ်အကြောင်းကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။
သူတို့ ၃ ဦးရဲ့ တိုက်စစ် အတွဲအဖက်နဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တယ်လို့ ထင်ကြေး ပေးမှု တွေ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်ပေမယ့် ဒီနှစ်မှာ သူတို့ ရယူနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါ တယ်။
ပုံ-လေ့ကျင့်ရေးကွင်းမှာ နေမာ၊ မက်ဆီ၊ ဘတ်ပီတို့ကို တွေ့ရစဉ်။ (SportsMa)
နေမာက “ကျနော်ရယ်၊ မက်ဆီနဲ့ ဘတ်ပီတို့ထဲက ဘယ်သူက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂိုးသွင်း နိုင်မလဲဆိုရင်တော့ ကျနော် တို့ ၃ ဉီးစလုံး ဂိုးသွင်းနိုင်မှာပါ။ ကျနော်တို့ တစ်ယောက် ၁ ဂိုးစီ သွင်းပြီး ပီအက်စ်ဂျီက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရ သွားပါလိမ့်မယ်။ ဘယ်အသင်းနဲ့ ရင်ဆိုင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ကျနော် ဂရုမစိုက်ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နေမာက သူ့ရဲ့ နေ့စဉ်ဖြတ်သန်းခဲ့တဲ့အကြောင်း ပြောရင်းနဲ့ ဘော်လွန်းဒီအော ၆ ကြိမ်ဆုရ မက်ဆီကို ချီးကျူး ခဲ့ပါ တယ်။
နေမာက “လေ့ကျင့်ရေးကွင်းမှာ သူ အထင်အကြီးဆုံး လူကတော့ မက်ဆီပေါ့။ သူဟာ အရာအားလုံးကို လွယ်ကူအောင်လုပ် ပြီး လှလှပပ ဖြစ်စေပါတယ်”လို့ ပြောခဲ့ပါတယ်။
၎င်းက “အကောင်းဆုံး ပင်နယ်တီ ကန်တဲ့သူက ဘယ်သူလဲဆိုရင် ဒါက ခက်ခဲပါတယ်။ မက်ဆီပဲလို့ ကျနော်ထင် ကြောင်း” ပြောခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့ ၃ ဦးဟာ ပီအက်စ်ဂျီအသင်းမှာ အတွဲမိဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ကြားရက်မှာတော့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
Source:Besoccer.com