CNI Sport News
၂၀၂၁ ခုနှစ်၊
ကွင်းထဲမှာ အပေါ့သွားလို့ ထုတ်ပယ်ခံခဲ့ရတဲ့ ဂိုးသမားတစ်ဦးဟာ ကာလကြာရှည် ပွဲပယ်ခံရဖွယ် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဂိုးသမားဟာ အပေါ့သွားချင်လို့ ပွဲကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ကွင်းထဲမှာပဲ အပေါ့သွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြင်သစ် သတ္တမတန်းကလပ် အေစီစိန့်ဘရီဗင် အသင်းရဲ့ ဂိုးသမားဖြစ်ပြီး နာမည်တော့ ဖော်ပြထားခြင်း မရှိတာတွေ့ရပါတယ်။
အဆိုပါ ဂိုးသမားဟာ ပြီးခဲ့တဲ့ စနေနေ့က ဒေသတွင်းပွဲစဉ်ဖြစ်တဲ့ မာယူရဲလ်အသင်းနဲ့ ပွဲစဉ်မှာ ဒီအဖြစ်အပျက် ဖြစ် ပွားခဲ့တာပါ။
အထက်ပါ ဖြစ်စဉ်မဖြစ်ပွားခင်မှာ ဂိုးသမားဟာ ပွဲကို ရပ်တန့်ပေးဖို့ ဒိုင်လူကြီးကို တောင်းဆိုခဲ့ပေမယ့် ပွဲဆက် ကစားနေခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ဒိုင်လူကြီးသာ ခွင့်ပြုပေးခဲ့မယ်ဆိုရင် ဂိုးသမားဟာ အိမ်သာကို သွားရောက်ပြီး အပေါ့သွားလို့ ရမှာပါ။
ပုံ-ယူ ၁၆ အေစီစိန့်ဘရီဗင်အသင်း ယှဉ်ပြိုင်ကစားနေစဉ်။ (AC Saint-Brevin)
ဒါပေမယ့် ဒိုင်လူကြီးက ခွင့်မပြုခဲ့တာကြောင့် ဂိုးသမားဟာ သူ့ရဲ့ ဂိုးတိုင်နောက်ကို တိတ်တိတ်လေးသွားပြီး အပေါ့သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကို ကွင်းလယ်ဒိုင်လူကြီးက မြင်တွေ့သွားခဲ့ပြီး သူ့ကို ထုတ်ပယ်ခဲ့တာပါ။ သူထုတ်ပယ်ခံရတဲ့ အချိန်တုန်းက တစ်ဖက် (၁) ဂိုးစီ သရေကျနေခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ မာယူရဲလ် အသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒေသ တွင်း လိဂ်အကြီးအကဲက ဂုဏ်သိက္ခာမရှိတဲ့ လုပ်ရပ်မျိုး ပြုလုပ်ခဲ့တဲ့ ဂိုးသမားကို ကာလကြာရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်နိုင်ဖို့ မျှော်လင့်နေတာပါ။
အေစီစိန့်ဘရီဗင်အသင်းရဲ့ ဂိုးသမားဟာ ကနဦး ၃ ပွဲပယ် ပြစ်ဒဏ်တော့ ချမှတ်ခံထားရတယ်လို့ ပြင်သစ်သတင်း တွေမှာ ဖော်ပြထားပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂိုးသမားဟောင်း ဘားသတ်ဇ် တုန်းကလည်း မာဆေးလ်နဲ့ အင်တာမီလန် အသင်းတို့ ကစားခဲ့တဲ့ ၂၀၀၇ ယူအီးအက်ဖ်အေ ပွဲစဉ်မှာ ကွင်းထဲ အပေါ့သွားခဲ့တဲ့ ဖြစ်ရပ်မျိုး ရှိခဲ့ဖူးပါသေးတယ်။
အဲ့ဒီ အချိန်တုန်းက ဘားသတ်ဇ်ရဲ့ အဖြစ်အပျက်မှာ တာဝန်ရှိသူတွေက မတွေ့ခဲ့တာကြောင့် အရေးယူ မခံခဲ့ရတာ လည်း ဖြစ်ပါတယ်။
Source:The Sun