၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၂၁

ဇီဒန်းရဲ့ဇနီးဖြစ်သူ ဗာရိုနစ်က သူ့ရဲ့ခင်ပွန်း မန်ယူအသင်းကို ကိုင်တွယ်မယ့် အလားအလာနဲ့ ပတ်သက်ပြီး ဆန့်ကျင်နေ တယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။

မန်ယူအသင်းဟာ ဝက်ဖိုဒ့်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်တဲ့ ပွဲအပြီးမှာ အရေးပေါ် အစည်းအဝေး ပြုလုပ်ကာ နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဝက်ဖိုဒ့်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ပြီး ရလဒ်ဆိုးတွေနဲ့ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

မန်ယူအသင်းသည် ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့တာကြောင့် သူ့ရဲ့ နေရာမှာ ရီးရယ်လ်အသင်း နည်းပြဟောင်း ဇီဒန်းကို ခန့်အပ်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ပုံ-ထုတ်ပြန်ခံလိုက်ရတဲ့ မန်ယူနည်းပြ ဆိုးလ်ရှာ။း(Evening Standard)

ဒါပေမယ့် ဇီဒန်းရဲ့ ဇနီးကြောင့် ဇီဒန်း အိုးထရက်ဖိုဒ့်ကို လာရောက်ဖို့ ဆွဲဆောင်ရာမှာ ကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရ တယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။ ဇနီးဖြစ်သူဗာရိုနစ်က ဇီဒန်းကို နည်းပြလောကထဲကို ပြန်လည်မဝင်ရောက်ခင် အချိန်အကြာ ကြီး အနားယူ စေချင်နေတာလို့ အဆိုပါ သတင်းက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ ရာသီအကုန်က ရီးရယ်လ် အသင်းကနေ ထွက်ခွာပြီး ကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့ တာပါ။ ဇီဒန်းဟာ မန်ယူအသင်းကို ကိုင်တွယ်ချင်နေပေမယ့် ပြင်သစ်လက်ရွေးစင် အသင်းနည်းပြရာထူးကို ရယူဖို့ ပိုပြီး စိတ် အား ထက်သန်နေတာပါ။

မန်ယူအသင်းကတော့ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ မန်ယူအသင်း ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဗာရန်းတို့ဟာ ရီးရယ်လ်အသင်းမှာ ဇီဒန်းနဲ့အတူ တွဲအလုပ်လုပ်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း မန်ယူအသင်းဟာ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတာ ဖြစ်ပါတယ်။

လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကလည်း မန်ယူအသင်း ထည့်သွင်းစဉ်းစားနေတဲ့ နည်းပြစာရင်းထဲမှာ ပါဝင်နေတာပါ။ မန်ယူအနေနဲ့ လီဗာပူးလ် နည်းပြဟောင်းကို ခေါ်ယူချင်တယ်ဆိုရင် လက်စတာ အသင်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၆ သန်း ပေးချေရဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

Source:Metro.co.uk