CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀
မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်မှုး ရက်ရှ်ဖိုဒ့်က သူရရှိတဲ့ ဗြိတိန်ဘုရင်မကြီးပေးတဲ့အမြင့်ဆုံးဆု (MBE) ဆုတံဆိပ် ကို သူ့ရဲ့ အမေဖြစ်သူကို ပေး
သွားမယ် လို့ ပြောလိုက်ပြီး ကလေးသူငယ်တွေကို ကူညီပေးမယ့် စည်းရုံးလှုံဆော်မှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကတိ ပြုလိုက်ပါတယ်။
ဗြိတိန်တော်ဝင် မင်းသား ဝီလျံဆီက Windsor ရဲတိုက်မှာ ရက်ရှ်ဖိုဒ့်ကို MBE ဆုတံဆိပ်ကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်းမှာ ကလေး သူငယ်တွေ ဆာလောင်မှု မရှိစေဖို့ အဓိက ဆောင် ရွက်နိုင်ခဲ့တာကြောင့် အသိမှတ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။
ရက်ရှ်ဖိုဒ့်ဟာ MBE ဆုတံဆိပ်ကို အမေဖြစ်သူ မီလာနီမေနာတ့်ကို ပေးသွားမယ်လို့ ပြောခဲ့တာပါ။ မီလာနီမေနာတ့်ဟာ ရက်ရှ်ဖိုဒ့် အပါအဝင် မွေးချင်း ၄ ယောက်ကို ပြုစုပျိုးထောင်ခဲ့တာလည်း ဖြစ်ပါတယ်။
စားနပ်ရိက္ခာ ဆင်းရဲနွမ်းပါးမှုနဲ့ ပတ်သက်ပြီး သူမရဲ့ ကိုယ်ပိုင်အလုပ်အတွက် အသိအမှတ်ပြုခံခဲ့ရသလို သူမကို ဂုဏ်ပြုတဲ့ အနေနဲ့ နာမည်ပေးထားတဲ့ အစားအသောက်ဘဏ်ကိုလည်း တွေ့ခဲ့ရပါတယ်။ ရက်ရှ်ဖိုဒ့်ဟာ ဒီအခမ်းအနားအပြီးမှာ အမေ ဖြစ်သူကို ဒီဆုတံဆိပ်ပေးမယ်လို့ ပြောခဲ့သလို သူငယ်ငယ်တုန်းက မရရှိခဲ့တဲ့ အရာတွေကို ကလေးတွေရရှိဖို့ ဆက်လက် လှုံဆော်သွားမယ်လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖိုဒ့်က “ကျနော့်မှာသာ ဒါတွေရှိခဲ့မယ်ဆိုရင် ဘဝဟာ အများကြီး ပိုကောင်းလာပြီး ရွေးချယ်စရာတွေ အများကြီး ရှိလာ မှာပါ”လို့ ပြောပါတယ်။
လူတိုင်းဟာ အတူတကွ လက်တွဲပြီး သေးငယ်တဲ့ အပြောင်းအလဲတွေကို လုပ်လာနိုင်ခဲ့ရင် လူငယ်တွေအတွက် ပိုကောင်းလာ နိုင်တယ်လို့ ရက်ရှ်ဖိုဒ့်က ထပ်မံ ပြောခဲ့ပါတယ်။
ရက်ရှ်ဖိုဒ့်က “နောက်လာမယ့် မျိုးဆက်ကို အရမ်းထူးခြားတဲ့ မျိုးဆက်အနေနဲ့ ကျနော်မြင်ပါတယ်။ သူတို့တွေကိုသာ မှန် ကန်တဲ့ လမ်းကြောင်းနဲ့ လမ်းညွှန်မှုကို ပြနိုင်ဖို့ ပဲလိုတာပါ။ ကျနော်လုပ်နေတဲ့ အရာတွေက သူတို့ကို အဲ့ဒါတွေ ပေးနေတာပါ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖိုဒ့်ဟာ ကပ်ရောဂါ ကာလအတွင်းမှာ ကလေးသူငယ်တွေကို အစားရိက္ခာ မပြတ်လပ်စေဖို့အ တွက် အထူးကြိုးပမ်း ခဲ့တာဖြစ်ပြီး လောဒ့်ဒေါင်း ကာလအတွင်းမှာ အစိုးရရဲ့ မူဝဒါကိုပါ ပြောင်းလဲစေခဲ့တာလည်း ဖြစ်ပါတယ်။ ရက်ရှ်ဖိုဒ့်ဟာ ဒီလိုလုပ်ဆောင်မှုကြောင့် ဂုဏ်ပြုမှု အများအပြားကို ရရှိခဲ့တာဖြစ်ပြီး အောက်တိုဘာလကလည်း မန်ချက်စတာ တက္ကသိုလ် ကနေ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံခဲ့ပါသေးတယ်။ ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံတဲ့အထဲမှာ အသက်အငယ် ဆုံးလည်း ဖြစ်ခဲ့ပါတယ်။