CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၀

အိုလံပီယာကို့စ်အသင်းကို အရေးနိမ့်ပြီး ယူရိုပါကွန်းဖရန့်လိဂ် ပြိုင်ပွဲကနေ အက်စတွန်ဗီလာအသင်း ထွက်ခဲ့ရ ပြီးနောက် အသင်းခေါင်းဆောင် မက်ဂင်းက အသင်းအနေနဲ့ ဥရောပပြိုင်ပွဲမှ ထွက်ခွာခဲ့ရမှုကနေ သင်ယူမှုတွေ ပြုလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

မက်ဂင်းက “လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့အတွက် ဒီအခိုက်အတန့်တွေကို ပိုကောင်းအောင် စီမံခန့်ခွဲနိုင်ဖို့ သင်ယူရမှာပါ။ ကျနော်တို့ဟာ ဒီနှစ်မှာ ပိုကောင်းအောင်လုပ်ပြီး ဥရောပဗိုလ်လုပွဲ တက်ချင်တယ် ဆိုတာ သေချာပါတယ်။ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာက ကျနော်တို့အတွက် ကြီးမားတဲ့ သင်ယူမှုလို့ ထင်ပါတယ်။ ချောမွေ့တဲ့ခရီး မဟုတ်ခဲ့ပါဘူး”လို့ ပြောပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အိုလံပီယာကို့စ် အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ပထမအကျော့တုန်းကလည်း အက်စတွန်ဗီလာအသင်းဟာ အိုလံပီယာကို့စ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ 

မက်ဂင်းကိုတွေ့ရစဉ်

အက်စတွန်ဗီလာအသင်းဟာ ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပဗိုလ်လုပွဲ တက်နိုင်မယ့် မျှော်လင့် ချက်ကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့ နီးစပ်နေတာပါ။ 

ပရီးမီးယားလိဂ်အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အက်စတွန်ဗီလာအသင်းဟာ ပွဲစဉ် ၃၆ ပွဲ ကစားအပြီးမှာ တစ်ပွဲလျော့နေတဲ့ အဆင့် ၅ နေရာက စပါးအသင်းကို ၇ မှတ် အသာရထားတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် လက်ကျန် ၂ ပွဲမှာ ၁ ပွဲ အနိုင်ရတာနဲ့ အက်စတွန်ဗီလာအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာပါ။

အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ အိုလံပီယာကို့စ်အသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲအဖြစ် ဖီအိုရင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC