CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းက လီဝန်ဒေါစကီးရဲ့ ဘွန်ဒက်လီဂါ တစ်ရာသီ ဂိုးသွင်းအများဆုံး စံချိန်ကို ချိုးဖျက်နိုင်ဖို့ ပစ်မှတ်ထားတယ်လို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းက “ဒီစံချိန်ကို ချိုးဖျက်ဖို့ ဖြစ်နိုင်ပေမယ့် ကျနော်ရှေ့ဆက် ပြီးသွားရမှာပါ။ လာမယ့် အပတ်ထဲမှာ ကျနော် ဂိုးအနည်းငယ် သွင်းယူရပါမယ်။ ဂိုးတွေ သွင်းယူနိုင်ဖို့ကလည်း နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေအပေါ်မှာ မူတည်ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ဂိုး ၂ ဂိုး ထပ်သွင်းပြီးအသင်းကို အနိုင်ရအောင် ကူညီနိုင်ခဲ့တာကြောင့် ဝမ်းသာတယ်” လို့ ပြောပါတယ်။

ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ဖရန့်ဖတ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂ ဂိုးသွင်းယူပြီးနောက် ဒီရာသီ ဘွန်ဒက်လီဂါပွဲစဉ် ၃၁ ပွဲ ကစားအပြီးမှာ ၃၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

ဘွန်ဒက်လီဂါပြိုင်ပွဲမှာ တစ်ရာသီ ဂိုးသွင်း အများဆုံး စံချိန်တင်ထားတဲ့ လီဝန်ဒေါစကီးဟာ ၂၀၂၀-၂၁ ရာသီ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၁ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ 

အဲဒါကြောင့် ဟာရီကိန်းဟာ လီဝန်ဒေါစကီးရဲ့ ဂိုးသွင်းစံချိန်နဲ့ တူညီဖို့ နောက်ထပ် ၆ ဂိုး သွင်းယူရမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို တွေ့ရစဉ်

ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲဟာ ပွဲစဉ် ၃ ပွဲပဲ ကစားဖို့ ကျန်ရှိတော့ပေမယ့် ဟာရီကိန်းကတော့ ဒီစံချိန်ကို ချိုးဖျက် ပြီး စံချိန်သစ် တင်နိုင်တယ်လို့ ယုံကြည်မှုရှိနေတာပါ။ 

အင်္ဂလန်အသင်း ခေါင်းဆောင် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ် အသင်းကစားသမားဘဝ ပထမဆုံးရာသီမှာ အသင်းအတွက် ၄၂ ပွဲ ကစားထားပြီး ၄၂ ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဟာရီကိန်းဟာ လက်ရှိအချိန်မှာ အသင်းကြီး ကစားသမားဘဝ ကလပ်နဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး ၄၀၀ ပြည့်မြောက်သွားပြီဖြစ်ပါတယ်။

ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ ပြည်တွင်း ဖလားတွေကို လက်လွှတ်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ရီးရယ်လ် အသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA