CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ဖူလ်ဟမ်အသင်းကို အနိုင်ရပြီးနောက် သူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ပွဲမှာ ဆက်ရှိချင်တယ်လို့ ပြောကာ အာဆင်နယ်နဲ့ မန်စီးတီးအသင်းကို သတိပေး လိုက်ပါတယ်။

ကလော့ပ်က “ကျနော်တို့ ဒီပြိုင်ပွဲမှာ ဆက်ရှိချင်တယ်ဆိုတာ ရှင်းပါတယ်။ အာဆင်နယ်အသင်းဟာ မနေ့က အနိုင်ရခဲ့ပြီး မန်စီးတီးအသင်းဆိုရင် သူတို့လက်ထဲမှာရှိနေတဲ့ ပွဲကိုအနိုင်ယူပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ လည်း ပွဲတွေကို အနိုင်ယူရမှာဖြစ်ပြီး ဒီလိုလုပ်နိုင်ဖို့ ကြိုးစားသွားရမှာပါ။ ကျနော်တို့ဟာ မိနစ် ၈၀ လုံး အလွန် ကောင်းမွန်တဲ့ပွဲကို ကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းရဲ့ နောက်ဆုံး ၁၀ မိနစ်ကိုတော့ ကျနော်မကြိုက်ပါဘူး။ ဂိုး လည်း ပေးခဲ့ရပေမယ့် ဒုတိယပိုင်းကိုတော့ အလွန်နှစ်သက်ပါတယ်” လို့ BBC Match of the Day ကို ပြောပါ တယ်။

လီဗာပူးလ်အသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ 

လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို အာနိုးလ်၊ ဂရာဗန်ဘာချ်နဲ့ ဂျိုတာတို့က သွင်းယူခဲ့ပြီး ဖူလ်ဟမ်အသင်း အတွက် ချေပဂိုးကို ကာစတာနီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

လီဗာပူးလ်နဲ့ ဖူလ်ဟမ်အသင်း ယှဉ်ပြိုင်နေစဉ်

လီဗာပူးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံဆုအတွက်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေခဲ့တာပါ။

အန်ဖီးလ်ကလပ်ဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်တူ ဂိုး ကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး မန်စီးတီးအသင်းက တစ်ပွဲလျော့ ၁ မှတ်အကွာနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ ဆာလက်၊ မက်အယ်လစ္စတာတို့ကို ပွဲထွက်လူစာရင်းမှာ အနား ပေးခဲ့ပြီး ဒုတိယပိုင်းရောက်မှသာ လူစားဝင်အဖြစ် အသုံးပြုခဲ့တာပါ။

ကလော့ပ်ကတော့ သူတို့ဟာ လာမယ့် ရက်တွေမှာလည်း ပရီးမီးယားလိဂ်ပွဲတွေ ကစားဖို့ရှိနေတာကြောင့် လူစာရင်း အပြောင်းအလဲ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဧပြီ ၂၅ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Metro